လစ်ဗျားတွင် လေကြောင်းတိုက်ခိုက်မှုတခုအတွင်း အနည်းဆုံး လူ ၁၅ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဒါနာမြို့မှာ အောက်တိုဘာ ၃၀ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု တခုအတွင်း အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေ ပါဝင်တယ်လို့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်က ဆိုပါတယ်။ အနည်းဆုံး ၁၇ ဦး ဒဏ်ရာရပြီး ဒဏ်ရာရသူ အများစုဟာ အရပ်သားတွေ ဖြစ်ပုံရတယ်လို့  အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။ ဒါနာမြို့ဟာ အရှေ့ပိုင်းအခြေစိုက် လစ်ဗျားအမျိုးသားတပ်မတော် (အယ်လ်အန်အေ) ရဲ့   ဝန်းရံပိတ်ဆို့မှုကို အချိန်အတော်ကြာ ခံခဲ့ရပြီး အယ်လ်အန်အေဟာ မြို့ကို မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ စစ်ဘက်တာဝန်ရှိသူတွေကတော့ လေကြောင်းတိုက်ခိုက်မှုကို မှတ်ချက်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဲဒီ ဒါနာမြို့ကို အိုင်အက်စ် စစ်သွေးကြွတွေနဲ့ လစ်ဗျားသူပုန်ဟောင်းတွေရဲ့ ညွန့်ပေါင်းအဖွဲ့က ထိန်းချုပ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

More News
Up