Home
မြန်မာသတင်း
အများပြည်သူနှင့်ဆိုင်သောနေရာများ၌ အရက်သောက်သူ ၃၀၀ ခန့် ထပ်မံဖမ်းဆီး
DVB
·
November 1, 2017
  ရန်ကုန်တိုင်းဒေသကြီးထဲက အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ ဝိုင်းဖွဲ့ အရက်သောက်သူ အယောက် ၃၀၀ လောက်ကို မနေ့ညက ထပ်ပြီးဖမ်းဆီးခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အများပြည်သူနဲ့ဆိုင်တဲ့ လူစည်ကားရာ ပန်းခြံတွေ၊ လမ်းဆုံလမ်းခွတွေ၊  တံတားတွေနဲ့ လူသွား စင်္ကြန်တွေပေါ်မှာ ဝိုင်းဖွဲ့အရက်သောက်တာ မလုပ်ဖို့ အောက်တိုဘာ ၁ ရက်ကစလို့ ပညာပေးဟောပြောခဲ့ပြီးနောက် တလပြည့်တဲ့ အောက်တိုဘာ ၃၀ ရက်က လူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့တာပါ။ မနေ့ညကတော့ အရှေ့ပိုင်းခရိုင် မြို့နယ်တွေက ၈၅ ယောက်၊ အနောက်ပိုင်းခရိုင်မြို့နယ်တွေက ၁၇၄  ယောက်၊ မြောက်ပိုင်းခရိုင်မြို့နယ်တွေက ၂၁ ယောက်၊ တောင်ပိုင်းခရိုင်မြို့နယ်တွေက ၄ ယောက်၊ စုစုပေါင်း ၂၈၄ ယောက် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒါကြောင့် နှစ်ညတည်းမှာပဲ လူပေါင်း ၄၀၀ လောက်ဖမ်းဆီးထားတာဖြစ်ပြီး ဖမ်းမိသူတွေကို သက်ဆိုင်ရာ ရဲစခန်းတွေမှာ ရန်ကုန်ရဲအက်ဥပဒေနဲ့ အမှုပေါင်း ၁၂၁ မှုဖွင့်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024