A d v e r t i s e m e n t With Us

စစ်သွေးကြွ ၂ ဦးကို အင်ဒိုနီးရှား အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ အသေပစ်ခတ်ဖမ်းဆီး

ဓာတ်ပုံ - ရိုက်တာ
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ကျွန်းတကျွန်းဖြစ်တဲ့ ဆန်ဘာဝကျွန်းမှာ အိုင်အက်စ်စစ်သွေးကြွ လိုလားတဲ့ အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်နေတဲ့ စစ်သွေးကြွ ၂ ဦးကို အင်ဒိုနီးရှား အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ အင်ဒိုနီးရှားအရှေ့ပိုင်း ဆန်ဘာဝကျွန်းက ဘီမာမြို့အနီး တောင်တန်းဒေသကို အကြမ်းဖက်တိုက်ဖျက်ရေးတပ်ဖွဲ့က ထောက်လှမ်းစစ်ဆေးမှု ပြုလုပ်ရာမှာ အကြမ်းဖက်သမား ၄ ဦးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ အဲဒီလို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားရာမှာ အကြမ်းဖက်သမား ၂ ဦးသေဆုံးပြီး ၂ ဦး ထွက်ပြေးလွတ်မြောက်သွားပါတယ်။ အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆက်ယိုဝါစစ်စ်တိုက “ဘီမာမြို့နားက မာအူတောင်တန်းမှာ စစ်သွေးကြွအုပ်စုနဲ့ အကြမ်းဖက်တိုက်ဖျက်ရေး တပ်ဖွဲ့ ၈၈ တို့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်သမား ၂ ဦး သေဆုံးသွားပါတယ်” လို့ ပြောပါတယ်။ ဆက်လက်ပြီး သူက “ပေါ်ဆိုနဲ့ ဘီမာမြို့က အကြမ်းဖက်အုပ်တွေကြားမှာ အချိတ်အဆက် ကြီးကြီးမားမားရှိပါတယ်။ လူတွေ သွားလိုက်ပြန်လိုက် လုပ်နေပြီးတော့ ဘီမာမြို့မှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဖို့ အမိန့်ရထားတာပါ။ ဒီအကြမ်းဖက်သမားလို့ သံသယရှိတဲ့ ၄ ယောက်ဟာ အင်ဒိုနီးရှားအရှေ့ပိုင်း မူဂျာဟစ်ဒင်အဖွဲ့နဲ့ အဆက်အစပ်ရှိသူတွေပါ။ ပြီးတော့ ဘီမာမြို့က အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ ဂျာမားအန်ဆာရုဒိုလာနဲ့လည်း အဆက်အစပ်ရှိပါတယ်” လို့ ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up