Home
မြန်မာသတင်း
ကျွန်းစုမြို့နယ်တွင် ရော်ဘာခြံလုပ်သားများ နေထိုင်သည့်တန်းလျား မီးလောင်
DVB
·
November 1, 2017
မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ သန္တာကျွန်းကျေးရွာတွင် အောက်တိုဘာ ၃၁ ရက် မနက် ၁၁ နာရီခွဲလောက်က ရာဘာခြံ လုပ်သားတွေ နေထိုင်တဲ့ တန်းလျား မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သန္တာကျွန်းကျေးရွာရှိ ဦးအုန်းထွန်း ပိုင်ဆိုင်တဲ့ ရော်ဘာခြံမှာအလုပ်လုပ်ကိုင်နေတဲ့ ဦးထွန်းသိန်းဟာ သူ နေထိုင်တဲ့ အလုပ်သမားတန်းလျားအခန်းမှာ ခွေးစာကျွေးဖို့ မီးဖိုမှာ ထမင်းအိုး တည်ထားခဲ့ပြီး သန္တာကျွန်းကျေးရွာက ကထိန်ပွဲကို သွားရောက်နေချိန် မီးဖိုကနေ အိမ်ခန်းကို မီးကူးစက် လောင်ကျွမ်းရာ (အလျား ၁၈ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၉ ပေ) ဓနိမိုး ထရံကာ ၂ ခန်းတွဲ တန်းလျားနဲ့ ခြံမန်နေဂျာ ဦးတင်ထွန်း နေထိုင်တဲ့ (အလျား ၁၂ ပေ၊ အနံ ၉ ပေ၊ အမြင့် ၉ ပေ) ဓနိမိုး ထရံကာ နေအိမ် ၁ လုံး မီးကူးစက် လောင်ကျွမ်းခဲ့တာပါ။. ကျွန်းစုမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးညွန့်ဝင်းက “သန္တာကျွန်းပေါ်က ရော်ဘာခြံမှာ အလုပ်သမားတွေ နေတဲ့ တန်းလျားမှာ မနက်က ၇ နာရီလောက်မှာ ခြံလုပ်သား ဦးထွန်းသိန်းက ခွေးတွေစားဖို့ ထမင်းချက်တယ်။ ပြီးတော့ ဘုန်းကြီးကျောင်း ကထိန်ကို သွားတယ်။ မနက် ၁၁ နာရီလောက်မှာ ထမင်းချက်ထားတဲ့ မီးဖိုကနေ အခန်းနံရံကို မီးကူးစက်လောင်တာ။ နှစ်ခန်းတွဲ တန်းလျားကို မီးလောင်သွားတယ်။ ဒီတန်းလျားဘေးက မန်နေဂျာ နေတဲ့ နေအိမ်လည်း မီးကူးစက်လောင်သွားတယ်” လို့ ပြောပါတယ်။ မီးလောင်ရာ နေရာကို ကျွန်းစုမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာသူရွာသားတွေ သွားရောက်ဝိုင်းဝန်း ငြှိမ်းသတ်ရာ မွန်းတည့် ၁၂ နာရီမှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးပေါ့ဆ အသုံးပြုပြီး မီးလောင်ကျွမ်း ဆုံးရှုံးအောင် ပြုလုပ်သူ ဦးထွန်းသိန်း (၅၄-နှစ်) ကို ကျွန်းစုမြို့နယ် ရဲစခန်းက (ပ)၂၁၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024