Homeသတင်းဓာတ်ပုံ
မြန်မာပြည် ငြိမ်းချမ်းရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲ မန္တလေးမြို့တွင် ကျင်းပ (သတင်းဓာတ်ပုံ)
မြန်မာပြည် ငြိမ်းချမ်းရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲ မန္တလေးမြို့တွင် ကျင်းပ (သတင်းဓာတ်ပုံ)
DVB
·
November 1, 2017
မြန်မာပြည် ငြိမ်းချမ်းဖို့ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို အောက်တိုဘာ ၃၁ ရက်နေ့ညက မန္တလေးမြို့ ၆၂လမ်း၊ မနော်ရမ္မံလူထုဟစ်တိုင်ကွင်းမှာ စတုတ္ထအကြိမ်မြောက် ကျင်းပပါတယ်။
ဒီဆုတောင်းပွဲမှာ ဆရာတော် သံဃာတော်တွေ၊ သီလရှင် ဆရာကြီး ဆရာလေးတွေ၊ ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်တွေ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူလူထုတွေ တက်ရောက် ဆုတောင်းခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ - အောင်အောင်