ဂျာမနီတွင် အကြမ်းဖက်တိုက်ခိုက်ရန်ကြံစည်မှု သံသယဖြင့် ဆီးရီးယားတဦးကို ဖမ်းဆီး

ဓာတ်ပုံ - ရိုက်တာ
ဂျာမနီနိုင်ငံမှာ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ သံသယရှိတဲ့ အသက် ၁၉ နှစ်အရွယ် ဆီးရီးယားတဦးကို အောက်တိုဘာ ၃၁ ရက်က ဖမ်းဆီးခဲ့ပါတယ်။ အစ္စလာမ္မစ် အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ဖို့ ရည်ရွယ်တဲ့ ဒီတိုက်ခိုက်မှုဟာ လူပေါင်းများစွာကို ပစ်မှတ်ထားတာဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုကြီးတခုကို တားဆီးနိုင်ခဲ့တယ်လို့ ဂျာမနီပြည်ထဲရေးဝန်ကြီး ထော်မတ်ဒမေဇီးယာက ပြောကြားပါတယ်။ ဂျာမနီအရှေ့မြောက်ပိုင်းက ရှရိန်းမြို့မှာ အောက်တိုဘာ ၃၁ ရက် အစောပိုင်းက ယာမန်အေဆိုသူကို ဖမ်းဆီးခဲ့တာပါ။ ရဲတပ်ဖွဲ့က သံသယရှိသူရဲ့ အိမ်ကိုသာမက ဒီအကြမ်းဖက်ကြံစည်မှုနဲ့ တိုက်ရိုက်မပတ်သက်တဲ့ လူတွေရဲ့ အိမ်ကိုလည်း ရှာဖွေစစ်ဆေးခဲ့ပါတယ်။ ဖမ်းဆီးခံရသူဟာ အကြမ်းဖက်အဖွဲ့ဝင်ဖြစ်တယ်လို့ ဖော်ပြထားတာမျိုး မရှိကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

//
More News
Up