A d v e r t i s e m e n t With Us

အမေရိကန်သမ္မတ အိမ်ဖြူတော်တွင် ပြုလုပ်သည့် ဟောလိုးဝင်းနေ့ ဧည့်ခံပွဲ (ရုပ်သံ)

အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ အောက်တိုဘာ ၃၀ ရက်နေ့က ဟောလိုးဝင်းနေ့ ဧည့်ခံပွဲ ပြုလုပ်ခဲ့ပါတယ်။ အိမ်ဖြူတော်ဟာ ပင့်ကူအိမ်တွေနဲ့ ဖုံးလွှမ်းပြီး လင်းနို့တွေနဲ့ ပင့်ကူနက်တွေဟာ တိုင်တွေကနေ တွဲလောင်း ခိုဆင်းလျက်ရှိပါတယ်။ ကော်ဇောနီနေရာမှာလည်း ကော်ဇောလိမ္မော်ရောင်က နေရာယူထားပြီး အိမ်ဖြူတော် ဆင်ဝင်ပေါက်ကိုလည်း ရွှေဖရုံသီးတွေနဲ့ အလှဆင်ထားပါတယ်။ အဲဒီဧည့်ခံပွဲမှာ သမ္မတ ထရမ့်နဲ့ ဇနီး မယ်လ်နီယာတို့ဟာ ဒေသခံကလေးငယ်တွေ၊ စစ်ဘက်မိသားစုတွေ၊ ကင်းထောက်အဖွဲ့နဲ့ အမျိုးမျိုးသော လူငယ်အဖွဲ့တွေကို ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ အမေရိကန်သမ္မတနဲ့ ဇနီးတို့ဟာ ကလေးငယ်တွေကို ဟောလိုးဝင်းမုန့်တွေ ဝေပေးကြပြီး ကလေးငယ်တွေနဲ့အတူ ယှဉ်တွဲ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ အဲဒီဧည့်ခံပွဲကို အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ဆာရာ ဟက်ကာဘီ ဆန်ဒါစ်နဲ့ ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်တို့ တက်ရောက်ခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up