A d v e r t i s e m e n t With Us

တိုက်စစ်မှူး လာကာဇက်တီ အာဆင်နယ်တွင် အောင်မြင်မှုရမည်ဟု အိုဇေးလ် ပြော

တိုက်စစ်မှူး လာကာဇက်တီအနေနဲ့ အာဆင်နယ်မှာ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ကွင်းလယ်ကစားသမား အိုဇေးလ်က ချီးကျူးပြောကြားလိုက်ပါတယ်။ လာကာဇက်တီနဲ့ ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဘန်ဇီမာနဲ့ နှိုင်းယှဉ်မေးမြန်းရာမှာတော့ လာကာဇက်တီက ကွဲပြားခြားနားပြီး ကြိုးစားမှုကောင်းတဲ့ ကစားသမားဖြစ်ပြီး ဘန်ဇီမာထက် ပိုအောင်မြင်နိုင်တဲ့ တိုက်စစ်မှူး ဖြစ်တယ်လို့ အိုဇေးလ်ကေ ပြာပါတယ်။ ပြင်သစ်တိုက်စစ်မှူး လာကာဇက်တီဟာ ဒီနှစ်နွေရာသီကမှ ပေါင် ၄၆ ဒသမ ၅ သန်းနဲ့ လိုင်ယွန်အသင်းကနေ ပြောင်းရွှေ့လာတာပါ။ လာကာဇက်တီအနေနဲ့ ပြင်သစ်အသင်းမှာလည်း ဘန်ဇီမာလို ဂိုးတွေအများကြီးသွင်းဖို့ မျှော်လင့်တယ်လို့လည်း အိုဇေးလ်က ဆိုပါတယ်။ လာကာဇက်တီဟာ အာဆင်နယ်အသင်းအတွက် စုစုပေါင်း ၁၀ ပွဲမှာ ၅ ဂိုး သွင်းယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up