အစ္စရေးစစ်တပ်က မြေအောက်ဥမင်တခုကို ဖောက်ခွဲ၊ ပါလက်စတိုင်းစစ်သွေးကြွ ၇ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ဂါဇာကမ်းမြောင် နယ်စပ် မြေအောက်ဥမင်တခုကို အစ္စရေးစစ်တပ်က အောက်တိုဘာ ၃၀ ရက်နေ့မှာ ဖောက်ခွဲခဲ့တာကြောင့် ပါလက်စတိုင်း စစ်သွေးကြွ ၇ ဦး သေဆုံးခဲ့ပါတယ်။ အစ္စရေးဘက်ခြမ်းမှာ မြေအောက်ဥမင် တူးထားတာကြောင့် အခုလို ဖောက်ခွဲပစ်ရတာ ဖြစ်တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။ အဲဒီဥမင်ဟာ ဂါဇာမြို့တမြို့ကနေ နယ်စပ်ဖြတ်ကျော် ဖောက်လုပ်နေတာဖြစ်ပြီး ဥမင်ဖောက်လုပ်နေစဉ်မှာပဲ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ အစ္စရေးစစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး “ပါလက်စတိုင်း ကာကွယ်ရေးတပ်ဖွဲ့ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုဟာ ပါလက်စတိုင်း ပြန်လည်သင့်မြတ်ရေးနဲ့ ပါလက်စတိုင်းစည်းလုံးမှု ပြန်လည်ရရှိဖို့ ကြိုးပမ်းချက်တွေကို ပစ်မှတ်ထားတာပဲဖြစ်တယ်။ ကျနော်တို့လူတွေနဲ့ မွန်မြတ်တဲ့မြေကို ကာကွယ်ဖို့ ဆက်ပြီး ကြိုတင်ပြင်ဆင်သွားမှာပါ။ တိုက်ခိုက်မှုတွေနဲ့ ရန်စမှုတွေ ရှိနေသမျှ ကာလပတ်လုံး အဲဒီလို ပြုလုပ်သွားဖို့ အာမခံပါတယ်” လို့ ဟားမတ်စ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသွားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် တခြား လက်နက်ကိုင်တွေနဲ့အတူ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် သေဆုံးခဲ့တယ်လို့ အစ္စလာမ္မစ် ဂျီဟတ် စစ်သွေးကြွအဖွဲ့က ဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up