A d v e r t i s e m e n t With Us

မိုးသီးကြွေနေပုံ ရုပ်သံရိုက်ကူးစဉ် အံ့အားသင့်ဖွယ် လေယာဉ်တစီး လျှပ်စီးထိခံရပုံ ရိုက်ကူးမိ (ရုပ်သံ)

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ အောက်တိုဘာ ၃၀ ရက်နေ့က ရုတ်တရက် မိုးသီးမုန်တိုင်းကျခဲ့လို့ ဒေသခံတွေ အံ့အားသင့်ခဲ့ပါတယ်။ လူမှုကွန်ရက်မီဒီယာ သုံးစွဲသူ ဒေသခံတဦးဖြစ်တဲ့ လူးဝစ် ဖာရာဒါဟာ သူ့ခြံထဲ မိုးသီးကြွေနေတာကို ရုပ်သံရိုက်ကူးနေချိန်မှာ ခရီးသည်တင် လေယာဉ်တစီး လျှပ်စီးထိခံရပုံကို ရိုက်ကူးမိခဲ့တဲ့အတွက် ပိုပြီး အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ၂၄ နာရီအတွင်း နေသာနေတဲ့ ကောင်းကင်ကနေ မိုးသီးမုန်တိုင်းတွေ ဖြစ်ထွန်းခဲ့တဲ့ မြန်ဆန်လွန်းတဲ့အပြောင်းအလဲ မိုးလေဝသကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက အစီရင်ခံခဲ့ကြပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့က အပူချိန်ဟာ ဆယ်မိနစ်အတွင်း ၂၆ ဒီဂရီ ဆဲလ်စီးယပ်စ်ကနေ ၆ ဒီဂရီဆဲလ်စီးယပ်စ်ထိ ကျဆင်းခဲ့တယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up