ကနေဒါတွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုဖြစ်၊ လျှပ်စစ်မီးပြတ်တောက်

ဓာတ်ပုံ - Lynne Vandal/CTV Viewer
ကနေဒါနိုင်ငံ အိုတာဝါနဲ့ ဂတ်တီနိုမြို့တွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျံမှု ဖြစ်ပွားခဲ့လို့ လူ ၉၀၀၀ လောက်ဟာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တွေကို လူမှုကွန်ရက် မီဒီယာတွေမှာ လွှင့်တင်ခဲ့ပြီး ရေကြီးရေလျှံမှု အကြီးအကျယ် ခံစားနေရတဲ့ နေရာတနေရာဖြစ်တဲ့ အိုတာဝါမြို့က ရေးဗားဒယ်လ်မှာ ကားတစင်း ရေနစ်မြုပ်သွားတာကို ရိုက်ကူးလွှင့်တင်ခဲ့တာပါ။ ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်း ၆ ကျောင်းကိုလည်း ပိတ်ထားခဲ့ရပြီး မိုးသည်းထန်စွာ ရွာသွန်းမှုဟာ အောက်တိုဘာ ၃၀ တရက်လုံး ဆက်လက်ရွာသွန်းဖွယ် ရှိတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

//
More News
Up