နယူးကာဆယ်ကို ၁ ဂိုး ဂိုးမရှိဖြင့် ဘန်လေ အနိုင်ယူ (ရုပ်သံဟိုက်လိုက်)
Published By
DVB | 31 October, 2017
2.3K
0
Share
0
Comment
0
Likes
ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ လက်ကျန်ပွဲအဖြစ် ဘန်လေနဲ့ နယူးကာဆယ်တို့ မနေ့ညက ယှဉ်ပြိုင်ရာ ဘန်လေက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဘန်လေကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲ ပထမပိုင်းမှာ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ခဲ့ဘဲ ဂိုးမရှိသရေကျခဲ့ပါတယ်။
နယူးကာဆယ်ဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပြီး ထိုးဖောက်ကန်သွင်းမှုမှာတော့ နှစ်သင်း မတိမ်းမယိမ်း ရှိခဲ့ပါတယ်။
နယူးကာဆယ်အသင်းရဲ့ တိုက်စစ်မှူးတွေ အပိုင်ကန်သွင်းမှုတချို့ လွဲချော်ခဲ့သလို ဂိုးရနိုင်တဲ့ ကန်သွင်းမှုတချို့ကိုတော့ ဘန်လေဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။
ဘန်လေအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၇၄ မိနစ်မှာ ဂျက်ဖ် ဟန်းဒရစ်ခ်က အနီးကပ်ပိတ်သွင်းပြီး ရယူပေးခဲ့တာပါ။
ဘန်လေကို ကိုင်တွယ်နေတာ ငါးနှစ်ပြည့်မြောက်တဲ့ နှစ်ပတ်လည်နေ့မှာပဲ နိုင်ပွဲရခဲ့လို့ နည်းပြ ရှောင်ဒိုင်ချီအတွက် ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။
ဒီပွဲအနိုင်ရတဲ့ ဘန်လေက ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၇ နေရာ တက်လှမ်းနိုင်ခဲ့ပြီး နယူးကာဆယ်ကတော့ ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။