အာဆီယံဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း ဆီမီးတက်ပြီး အာရှဖူဆယ်ပြိုင်ခွင့်ရ

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
2.5K
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းဟာ အာဆီယံဖူဆယ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တာကြောင့် အာရှဖူဆယ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ကစားခွင့် ရရှိသွားပါတယ်။
မြန်မာဖူဆယ်အသင်းဟာ အောက်တိုဘာ ၂၉ ရက်က အုပ်စုပွဲစဉ်မှာ အင်ဒိုနီးရှားနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် အုပ်စုပွဲစဉ်တွေ မကုန်ခင်မှာပဲ ဆီမီးဖိုင်နယ် တက်ခဲ့တာပါ။
မြန်မာဖူဆယ်အသင်းဟာ အုပ်စုအဖွင့်ပွဲမှာ ဘရူနိုင်းကို ၁၃ ဂိုး ဂိုးမရှိ၊ ဖိလစ်ပိုင်ကို ၂၅ ဂိုး ဂိုးမရှိ ရလဒ်တွေနဲ့ အနိုင်ရထားတာပါ။
မြန်မာဖူဆယ်အသင်းအနေနဲ့ အုပ်စုနောက်ဆုံးပွဲအဖြစ် ဒီကနေ့ညနေ ၆ နာရီခွဲမှာ ဗီယက်နမ်နဲ့ ကစားရမှာဖြစ်ပါတယ်။
တဖက်အုပ်စုမှာတော့ ထိုင်းနဲ့ မလေးရှားအသင်းတွေက ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တာပါ။
အာရှဖူဆယ်ပြိုင်ပွဲကို တရုတ်တိုင်ပေက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး စုစုပေါင်းအသင်း ၁၆ သင်း ပါဝင်မှာဖြစ်ပါတယ်။