Home
မြန်မာသတင်း
ရွှေတောင်မြို့တွင် ၁၂ ဘီးယာဉ်တစီး မီးလောင်
မင်းညို
·
October 30, 2017
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့မှာ ဒီနေ့ မနက်ပိုင်းက ၁၂ ဘီးယာဉ်တစီး မီးလောင်ခဲ့ပါတယ်။ ဒီနေ့ မနက် ၂ နာရီလောက်မှာ ရန်ကုန်မြို့ကနေ ပြည်မြို့ဘက် မောင်းနှင်လာတဲ့ အဖြူရောင် ၁၂ ဘီးကားတစီး ရွှေတောင်မြို့ ကြာနီကန်ရပ်ကွက် တည်ကုန်းတာလမ်းကြီးပေါ်မှာ ဘီးပေါက်သွားတာကြောင့် ယာဉ်မောင်းသူက ဟန်းဘရိတ်ဆွဲ ရပ်တန့်ဖို့ ကြိုးစားစဉ် ပေါက်သွားတဲ့ နောက်ဘီးဘယ်ဘက်တာယာ ကျွတ်ထွက်သွားတဲ့အတွက် ပွတ်တိုက်မှုဖြစ်ပြီး ဘရိတ်ရှူး အပူလွန်ကဲ မီးပွင့်ပြီး စတင်မီးကူးစက် လောင်ကျွမ်းခဲ့တာပါ။ မနက် ၃ နာရီထိုးလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးသတ်ယာဉ် ၃ စီး၊ မီးသတ်ရေယာဉ် ၁ စီး၊ သန္ဓေမီးသတ် ၂၂ ယောက်၊ အရန်မီးသတ် ၃၀ လောက်နဲ့ အသုံးပြု ငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်မှုကြောင့် စုစုပေါင်း ကျပ်သိန်း ၂၀ လောက် ဆုံးရှုံးပျက်စီးခဲ့ပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘဲ ယာဉ်မောင်းဖြစ်သူ ထွက်ပြေး တိမ်းရှောင်နေကာ သူ့ကို ရွှေတောင်မြို့မရဲစခန်းက ပြစ်မှုအမှတ် (ပ) ၁၆၆၁/၂၀၁၇၊ ဥပဒေပုဒ်မ-၂၈၅ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ ရဲစခန်းတာဝန်ရှိသူတွေထံက သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024