နီနီခင်ဇော်ရဲ့ တေးစီးရီးသစ် “U” မိတ်ဆက်ပွဲ (ရုပ်သံ)

နာမည်ကျော်  စတီဒီယိုအဆိုတော် နီနီခင်ဇော်ရဲ့ တေးစီးရီးသစ် “U” မိတ်ဆက်ပွဲကို ရန်ကုန်မြို့ လှည်းတန်းစင်တာမှာ မနေ့ညနေပိုင်းက ကျင်းပရာ သူ့ရဲ့ပရိသတ်တွေ အများအပြား လာရောက်အားပေးခဲ့ကြပါတယ်။ နီနီခင်ဇော်ရဲ့ တတိယမြောက် စီးရီးဖြစ်တဲ့ “U” စီးရီးသစ်မှာ တေးသီချင်းပေါင်း ၁၂ ပုဒ်ပါဝင်ပြီး “အလကားပဲ” ဆိုတဲ့သီချင်းဟာ ပရိသတ်တွေအကြား လူကြိုက်များ ရေပန်းစားနေပါတယ်။ သတင်း၊ ရုပ်သံ - မိုးပြည့်

More News
Up