A d v e r t i s e m e n t With Us

မန်ယူအသင်းဟု အတိုကောက်မခေါ်ရန် တောင်းဆို

မန်ယူအသင်းလို့ အတိုကောက် မခေါ်ကြဖို့ အသင်းက တောင်းဆိုမှုတွေရှိကြောင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသိအမှတ်ပြု မြန်မာမန်ချက်စတာယူနိုက်တက် ဖန်ကလပ်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါဟာ ကမ္ဘာအရပ်ရပ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို လှောင်ပြောင်တဲ့သူတွေက သီချင်းထဲမှာ မန်ယူဆိုပြီး သုံးစွဲထားတာကြောင့် မန်ချက်စတာ၊ မန်ယူနိုက်တက်၊ မန်ချက် အစရှိသလိုပဲ ခေါ်ဝေါ်ကြဖို့ ပြောကြားခဲ့ပါတယ်။ မြန်မာမန်ချက်စတာယူနိုက်တက် ဖန်ကလပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တရားဝင်အသိအမှတ်ပြု ဖြစ်ခဲ့ပြီး အသင်းရဲ့နည်းပြ ဂျိုဆေးမော်ရင်ဟိုထံမှလည်း ဂုဏ်ပြုအီးမေးလ် ပို့ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up