အိုင်အက်စ်လက်မှ ပြန်လွတ်လာသည့် ဆီးရီးယားဓားစာခံ ၂၆ ဦးကို ကြိုဆို

ဓာတ်ပုံ - ရိုက်တာ
အိုက်အက်စ်တွေလက်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ဆီးရီးယားဓားစာခံ ၂၆ ဦးကို ပြည်နယ်မြို့တော် ဟုမ်းမြို့မှာ အောက်တိုဘာ ၂၉ ရက်နေ့က နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ သူတို့တွေဟာ အောက်တိုဘာ ၂၁ ရက်နေ့က အိုင်အက်စ်စစ်သွေးကြွတွေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ဓားစာခံ အယောက် ၇၀ ထဲက ဖြစ်ကြပါတယ်။ ဓားစာခံတွေဟာ အိပ်ငိုက်နေတဲ့ စစ်သွေးကြွတဦးဆီကနေ သေနတ်လုယူပြီး ထွက်ပြေး လွတ်မြောက်ခဲ့တာ ဖြစ်တယ်လို့ အကြီးတန်းအရာရှိတဦးက ပြောပါတယ်။ ဒေသခံတဦးက “သူတို့တွေ ဘေးမသီရန်မခဘဲ ပြန်လာလို့ တော်သေးတာပေါ့ဗျာ။ အားလုံးပြန်လာကြပါစေ” လို့ ပြောပါတယ်။ အကြီးတန်းအရာရှိတဦးက “ဆီးရီးယားတပ်မတော် ရောက်လာပြီး အိုင်အက်စ်တွေလက်ကနေ မြို့ လွတ်မြောက်သွားတဲ့အတွက် ပျော်တဲ့အပျော်က ပြောမပြတတ်အောင်ပါပဲ။ ဒါပေမယ့်လည်း မြို့ထဲမှာ လူတွေ အသတ်ခံရတဲ့သတင်းကို ကြားတော့ အပျော်တွေပျောက်ကုန်တယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်က အိုင်အက်စ်စစ်သွေးကြွတွေဟာ ဒေသခံအရာရှိတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ရဲနဲ့ ရဲတပ်ဖွဲ့ မိသားစုဝင်တွေကို နေ့ခင်းကြောင်တောင် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အဲဒီပုဂ္ဂိုလ်ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up