A d v e r t i s e m e n t With Us

အင်္ဂလန်ယူ-၁၇ အသင်း ကမ္ဘာ့ချန်ပီယံဖြစ်မှုအပေါ် ကစားသမားဟောင်းများ ချီးကျူး

ဓာတ်ပုံ - ရိုက်တာ
အင်္ဂလန်ယူ-၁၇ အသင်း ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့တဲ့အပေါ်မှာ လက်ရွေးစင် ကစားသမားဟောင်းတွေဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း၊ မိုက်ကယ်အိုဝင်နဲ့ ဝိန်းရွန်နီတို့က ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အင်္ဂလန်ယူ-၁၇ အသင်းဟာ အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ စပိန်အသင်းကို ဦးဆောင်ဂိုး ၂ ဂိုး အရင်ပေးခဲ့ရပေမယ့် ၅ ဂိုးဆက်သွင်းပြီး ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူ ဗိုလ်စွဲခဲ့တာပါ။ အင်္ဂလန်လူငယ်တွေရဲ့ စွမ်းဆောင်နိုင်မှုကို ဂုဏ်ယူမိပြီး သူတို့ကို ကလပ်အသင်းတွေက အခွင့်အရေးပေးသင့်တယ်လို့ ဒေးဗစ်ဘက်ခမ်းက ပြောကြားခဲ့ပါတယ်။ အဲဗာတန်တိုက်စစ်မှူး ရွန်နီနဲ့ ကစားသမားဟောင်း မိုက်ကယ်အိုဝင်တို့ကလည်း ချန်ပီယံဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ ကစားသမားတွေအတွက် ဂုဏ်ယူမိပြီး အင်္ဂလန်နိုင်ငံမှာ အရည်အသွေးရှိတဲ့ လူငယ်ကစားသမားတွေ ရှိတာကို ပြသနိုင်ခဲ့တယ်လို့ မိုက်ကယ်အိုဝင်က ပြောပါတယ်။ အင်္ဂလန်လူငယ်အသင်းတွေဟာ ဒီနှစ်အတွင်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး ယူ-၂၀ ကမ္ဘာ့ဖလားနဲ့ ဥရောပယူ-၁၉ ပြိုင်ပွဲတွေမှာလည်း ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up