A d v e r t i s e m e n t With Us

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် အအေးလှိုင်းဖြတ်

ဓာတ်ပုံ - ရိုက်တာ
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလောင်ကျန်းပြည်နယ် မိုဟာမြို့မှာ အအေးလှိုင်းဖြတ်ပြီး နှင်းကျတဲ့အတွက် ခဲနေအောင် အေးတဲ့လေတွေ တိုက်ခတ်ခဲ့ပါတယ်။ အပူချိန်ဟာလည်း အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ ၁၁ ဒီဂရီဆဲလ်စီးယပ်စ်ကနေ ရေခဲမှတ်အောက် အနုတ် ၁၇ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ကျဆင်းခဲ့ပါတယ်။ အောက်တိုဘာ ၂၈ ရက်နေ့က နှင်းတွေကျခဲ့ပြီး လမ်းသွားလမ်းလာတွေဟာ လေပြင်းကိုအံတုရင်း အင်္ကျီအထူတွေ၊ နွေးတဲ့လက်အိတ်တွေနဲ့ မျက်နှာဖုံးစွပ်တွေကို ဝတ်ထားရတာ တွေ့ရပါတယ်။ ဒေသန္တရ မိုးလေဝသဌာနက အအေးလှိုင်း ဖြတ်မယ့်အကြောင်း တပ်လှန့် သတိပေးချက်ကို အောက်တိုဘာ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အအေးလှိုင်းဟာ ဒီနေ့အထိ ဆက်ရှိနေမယ်လို့ ခန့်မှန်းထားပြီး အပူချိန် အနိမ့်ဆုံးအနေနဲ့ ရေခဲမှတ်အောက် အနုတ် ၁၉ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ရောက်မယ်လို့ မျှော်လင့်ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up