A d v e r t i s e m e n t With Us

ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် မိုးမျှော်တိုက် လှေကားတက်ပြိုင်ပွဲ

ဓာတ်ပုံ - ရိုက်တာ
တရုတ်ရိုးရာ ချုံးယန်ပွဲတော် အထိမ်းအမှတ်အနေနဲ့ အောက်တိုဘာ ၂၈ ရက်နေ့က ရှန်ဟိုင်းမြို့ရှိ မိုးမျှော်တိုက်တလုံးမှာ လှေကားတက်ပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ ချုံးယန်ပွဲတော် အစဉ်အလာတခုကတော့ လူတွေကို တောင်တက်ခြင်းလိုမျိုး အမြင့်ကိုတက်ဖို့ အားပေးတဲ့ ပွဲတော်တခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရှန်ဟိုင်းလို မြို့ကြီးပြကြီးမှာတော့ မိုးမျှော်တိုက်ကို တက်ရပါတယ်။ ပါဝင်ဆင်နွှဲသူ အယောက် ၈၀၀ လောက်ဟာ အဖွဲ့တွေခွဲပြီး ၈၈ ထပ်မြင့်တဲ့ မိုးမျှော်တိုက်ကို တက်ကြပါတယ်။ ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့သူ ဂျန်းဝမ်ဘိုက “ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်တာပေါ့။ ကိုယ့်ကိုယ်ကိုယ် သာအောင်လုပ်တာပါ။ တကြိမ်မှာ လှေကားတထစ်ချင်းစီ တက်ခဲ့တာပါ” လို့ ပြောပါတယ်။ ကျန်းဝမ်ဘိုဟာ လှေကားထစ်ပေါင်း ၁၉၅၈ ထစ်ကို ၁၀ မိနစ်ခွဲနဲ့ အရောက်တက်နိုင်ခဲ့ပြီး ချန်ပီယံဆု ရရှိခဲ့တာပါ။ ပြိုင်ပွဲဝင် ဂျာမန်နိုင်ငံသားတဦးကလည်း “အတော်ပင်ပန်းပါတယ်။ ဒီလိုအားကစားမျိုး မရှိပါဘူး။ ကျနော် ဒီပြိုင်ပွဲကို သဘောကျပါတယ်” လို့ ပြောပါတယ်။ ဒီပြိုင်ပွဲမှာ အသက်အကြီးဆုံးအဖြစ် အသက် ၆၀ အရွယ် ပြိုင်ပွဲဝင်တဦးလည်း ပါဝင်ခဲ့ပါတယ်။ လှေကားတက်ပြိုင်ပွဲ ပြုလုပ်ခဲ့တဲ့ မိုးမျှော်တိုက်ကို “ကျင်းမော့တာဝါ” လို့ခေါ်ပြီး တရုတ်ပြည်မကြီးမှာ တတိယမြောက် အမြင့်ဆုံးတိုက်ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up