Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ကော့သောင်းတွင် ပြုလုပ်
DVB
·
October 30, 2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ ပြည်သူ့ရင်ပြင်ကွင်းမှာ အောက်တိုဘာ ၂၉ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ဒီထောက်ခံပွဲကို တနသာင်္ရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ စာရေးဆရာညီမင်းညို၊ ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင်ဗေလုဝတို့က ဟောပြောခဲ့ကြပါတယ်။ “အဖိနှိပ်ခံနေရလို့၊ ပြုပြင်ပြောင်းလဲချင်လို့၊ စစ်အစိုးရ အဆင့်ဆင့်ကနေ ဖိနှိပ်ထားလို့ ကျနော်တို့ မြေကြီးထဲကတောင် မထွက်နိုင်ဘူး။ ကျနော်တို့ ထွက်နိုင်အောင် လုပ်ပေးမယ့်သူကို လေးစားလို့ ထောက်ခံတာပါ” လို့ ကော့သောင်းမြို့၊ ဘန်းကချွန်ကျေးရွာမှ တောင်သူ ကိုသန်းနိုင်က ပြောပါတယ်။ “ကမ္ဘာကနေ ဖိအားမျိုးစုံပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားမပေးဖို့ ကော့သောင်းပြည်သူတွေက ခေါင်းဆောင်ရဲ့နောက်မှာ ရှိတယ်ဆိုတာကို ပြသတဲ့အနေနဲ့ ပြုလုပ်တဲ့ ထောက်ခံပွဲဖြစ်တယ်” လို့ ကော့သောင်းမြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဦးစိန်နိုင်က ပြောပါတယ်။ သတင်း - လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024