ဆွစ်ဇာလန်တွင် ကျင်းပသည့် တင်းနစ်ဗိုလ်လုပွဲတွင် ဖက်ဒရာ အနိုင်ရဗိုလ်စွဲ

ဆွစ်ဇာလန်နိုင်ငံမှာ ဘာဆယ်မှာ မနေ့က ယှဉ်ပြိုင်သွားတဲ့ ဘာဆယ် အမျိုးသားတဦးချင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နာမည်ကြီး ရော်ဂျာ ဖက်ဒရာက အာဂျင်တီးနားက ဒယ်ပေါ်တိုကို အနိုင်ရသွားပါတယ်။ ဖက်ဒရာဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ပွဲမစခင်ကတည်းက ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။ ပထမပွဲမှာ ဒယ်ပေါ်တိုက ၇ - ၆ နဲ့ အနိုင်ရသွားတာပါ။ ကမ္ဘာ့အဆင့် ၂ ဖြစ်တဲ့ ဖက်ဒရာဟာ နောက်ကနေ လိုက်ကစားခဲ့ရပြီး နောက် ၂ ပွဲမှာတော့ ၆ - ၄၊ ၆ - ၃ နဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ အသက် ၃၆ နှစ်အရွယ် ဖက်ဒရာအတွက်တော့ ဘာဆယ် ချန်ပီယံဆုကို ၈ ကြိမ်မြောက် ရယူနိုင်တာပါ။ ဖက်ဒရာဟာ ဂရန်းစလန်း ၁၉ ကြိမ် ရရှိထားပြီး အခုချန်ပီယံဆုဟာ ဖက်ဒရာအတွက်တော့ ဒီနှစ်ထဲမှာ ၇ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။

More News
Up