လက်စတာက အဲဗာတန်ကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)
Published By
DVB | 30 October, 2017
2.4K
0
Share
0
Comment
0
Likes
ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အဖြစ် လက်စတာနဲ့ အဲဗာတန်တို့ မနေ့ညက ယှဉ်ပြိုင်ရာ လက်စတာက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
လက်စတာအသင်းဟာ နည်းပြသစ် ပူရယ်လ် ပထမဆုံး ကိုင်တွယ်တဲ့ပွဲမှာပဲ နိုင်ပွဲပြန်ရခဲ့တာ ဖြစ်ပါတယ်။
ပွဲချိန် ၁၈ မိနစ်မှာပဲ လက်စတာအတွက် တိုက်စစ်မှူး ဗာဒီက အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ၂၉ မိနစ်မှာ ဂရေးက ဒုတိယဂိုး ထပ်သွင်းခဲ့လို့ ပထမပိုင်းမှာကတည်းက လက်စတာက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့တာပါ။
လက်စတာအိမ်ကွင်းမှာ ယှဉ်ပြိုင်ရပေမယ့်လည်း ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့်မှာတော့ အဲဗာတန်က အသာရခဲ့ပါတယ်။
အဲဗာတန်အသင်းရဲ့ ထိုးဖောက် ကန်သွင်းချက်တွေကို လက်စတာ နောက်တန်းနဲ့ ဂိုးသမား အကောင်းဆုံး ကာကွယ်ဟန့်တားနိုင်ခဲ့ပါတယ်။
ဒီပွဲအနိုင်ရတဲ့အတွက် လက်စတာဟာ ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၁ အထိ တက်လှမ်းနိုင်ခဲ့ပြီး အဲဗာတန်ကတော့ ရမှတ် ၈ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။