အုတ်နံရံ ၂ ခုကြား ညပ်နေသည့်ကလေးအား မီးသတ်သမားများ ကယ်တင်

တရုတ်နိုင်ငံ အရှေ့ဖက် အန်းဝှေးခရိုင်ရှိ ဟာဖေးမြို့မှာ အောက်တိုဘာလ ၂၅ ရက်နေ့က အသက် ၆ နှစ်အရွယ် ယောက်ကျားကလေး တဦးရဲ့ ဦးခေါင်း နံရံ ၂ ခုအကြား ညှပ်နေလို့ မီးသတ်သမားတွေက ကယ်တင်လိုက်ရတယ်လို့ သိရပါတယ်။ ကလေးက အတန်းဖေါ်တွေနဲ့ မူလတန်းကျောင်းမှာ ကစားနေတုန်း ဒီလိုဖြစ်ခဲ့တာလို့ သိရပါတယ်။ ရုပ်သံထဲမှာ မီးသတ်သမားတွေက ကလေးကို ကြိုးစားပမ်းစား ကယ်တင်နေတာ တွေ့ရပြီး ဦးဆုံး ဟင်းချက်ဆီတွေ နံရံနဲ့ ကလေးဦးခေါင်းကြား ထည့်ကာ နံရံချောင်လာအောင် မီးသတ်သမားတွေက ကြိုးစားနေကြတာပါ။ အဲဒီနောက် ကလေးရဲ့ဦးခေါင်းကို အဝတ်နဲ့ ကာထားပြီး တူနဲ့ကိရိယာအချို့သုံးကာ နံရံဘေးကို ဖဲ့ထုတ်နေပါတယ်၊ မိနစ် ၄၀ ကျော် ကြာအပြီးမှာတော့ ကလေးကို ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံ ပို့လိုက်တယ်လို့ စီဂျီတီအန်သတင်းမှာ အောက်တိုဘာလ ၂၈ ရက်နေ့က ဖော်ပြထားပါတယ်။

More News
Up