A d v e r t i s e m e n t With Us

သက်တမ်း ၆၀၀၀ ကျော်ရှိ ဦးခေါင်းခွံ ဆူနာမီဒဏ်ခံရသူဟု ပညာရှင်များ သုံးသပ်

သက်တမ်း ၆၀၀၀ ကျော်ရှိ ရှေးဟောင်း ဦးခေါင်းခွံက ဆူနာမီဒဏ်ခံခဲ့ရသူဖြစ်မယ်လို့ ယူဆကြောင်း သိပ္ပံပညာရှင်တွေက အောက်တိုဘာလ ၂၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၂၉ ခုနှစ်ကတည်းက ဒီရှေးဟောင်းဦးခေါင်းခွံကို သြစတြေးလျ ဘူမိဗေဒပညာရှင် ပေါလ်အက်စ်ဟော့စ်ဖီးလ်ဒ်က ပေါ်ပါနယူးဂီနီနိုင်ငံ မြောက်ဘက် ကမ်းရိုးတန်းမြို့ဖြစ်တဲ့ အေတိပ်မြို့ (Aitape) မှာ ရှာဖွေတွေ့ရှိခဲ့တာကြောင့် အေတိပ်ဦးခေါင်းခွံလို့ အမည်ပေးခဲ့ပါတယ်။ ရှာဖွေတွေ့ရှိချိန်ကတည်းက ရှေးဟောင်းသုတေသီတွေနဲ့ မနုဿဗေဒပညာရှင်တွေက ဦးခေါင်းခွံအဲ့ဒီနေရာမှာ ရှာတွေ့ခဲ့တာနဲ့ပတ်သက်တဲ့ အခြေအနေတွေကို အဖြေရှာဖို့ ကြိုးစားနေခဲ့ကြတာပါ။ မကြာသေးခင်က လေ့လာမှုကို အောက်တိုဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီး ဒီဦးခေါင်းခွံပိုင်ရှင် လူသားက သူ့ရဲ့ဂူက ဆူနာမီလှိုင်းတွေကြောင့် ဒီနေရာကို ရောက်လာတာလို့ ပညာရှင်တွေက ယူဆနေကြပါတယ်။ ၁၉၂၉ ခုနှစ်က ဘူမိဗေဒပညာရှင် ဟော့စ်ဖီးလ်ဒ် ဦးခေါင်းခွံပေါ် ခလုတ်တိုက်မိစဉ် ဒီဦးခေါင်းခွံဟာ လွန်ခဲ့တဲ့ နှစ် ၁.၉ သန်းသက်တမ်းရှိ ဟိုမိုအီရက်တက်စ်လူသားမျိုးစိတ် ဖြစ်မယ်လို့ မှားယွင်းပြီး ထင်မြင်ခဲ့ပေမယ့် ရေဒီယိုကာဗွန်ဒိတ်တင်းဆိုတဲ့ ဦးခေါင်းခွံရဲ့သက်တမ်းကို စစ်ဆေးမှုအရတော့ သက်တမ်းက နှစ် ၅၀၀၀ ကနေ ၆၀၀၀ အတွင်း ဖြစ်နေတာလို့ ဆိုပါတယ်။ ပေါ်ပါနယူးဂီနီဒေသဝန်းကျင်က ဆူနာမီနဲ့ ငလျင်လှုပ်တာလို သဘာဝဘေးအန္တရာယ်တွေ ကျရောက်လေ့ရှိပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းချီကြာကတည်းက အဲ့ဒီဒေသမှာ ပင်လယ်ရေမျက်နှာပြင်မြင့်လို့ အကြွင်းအကျန်တွေက အဲ့ဒီဒေသကနေ ပေါ်ပေါက်လာတာဖြစ်နိုင်ပြီး  အဲ့ဒီနောက် ကမ်းခြေဖြစ်လာတာလို့ဆိုပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကလည်း သုတေသီတချို့က ဦးခေါင်းခွံနဲ့ပတ်သက်ပြီး “ကျနော်တို့ အကြာကြီး သံသယဖြစ်ခဲ့တာကို အတည်ပြုနိုင်ပါပြီ။ အဲ့ဒီဒေသမှာ ရှိတဲ့ လူတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်သောင်းချီကတည်းက ရေအကြီးအကျယ်ကြီးတဲ့ဒဏ်ကို ခံခဲ့ရတယ်” လို့ ဦးဆောင်သုတေသီတဦးဖြစ်တဲ့ ဂျိမ်းစ်ဂေါ့ဖ်က ပြောပါတယ်။ ဒီရှာဖွေတွေ့ရှိမှုက ကမ်းရိုးတန်းဒေသကလူတွေ ဘာကြောင့် ပတ်ဝန်းကျင်ပိုင်းဆိုင်ရာ အန္တရာယ်ရှိပေမယ့် ဒီနေရာကို ရွှေ့ပြောင်းဖို့ ရွေးချယ်ပြီး အခြေချကြတာ၊ သဘာဝအန္တရာယ်တွေကြားက ကမ်းရိုးတန်းဒေသမှာ တိုးတက်ကြီးပွားအောင် ဘယ်လို ညှိနှိုင်းနေထိုင်တယ်ဆိုတာတွေကို မနုဿဗေဒပညာရှင်တွေကို နားလည်စေတယ်လို့ ဆိုပါတယ်။ “နယူးဂီနီမြောက်ဘက်က အဲ့ဒီအချိန်တုန်းက အစားအသောက်အရင်းအမြစ်တွေကြောင့် အရမ်းအသုံးဝင်တာကြောင့် လူတွေက စွန့်စားမှုနဲ့ အစားအသောက် ရရှိရေးအတွက် ချိန်ဆလုပ်ဆောင်ကြတာ ဖြစ်မယ်” လို့ အော့ကလန်တက္ကသိုလ်က အကြီးတန်းပရော်ဖက်ဆာ တဦးက ပြောကြောင်း စီအန်အန်သတင်းမှာ အောက်တိုဘာလ ၂၆ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up