A d v e r t i s e m e n t With Us

ကလေးများအတွက် အားကကစားကွင်းနှင့် ကစားရန် အချိန်မရှိမှု အနာဂတ်တိုင်းပြည် ထိခိုက်နိုင်

  ကလေးငယ်တွေအတွက် အားကစားကွင်းတွေနဲ့ အားကစားလုပ်ဖို့အချိန်တွေ မရှိတာက ကလေးတွေရဲ့ အနာဂတ်နဲ့ တိုင်းပြည်အနာဂတ်ကို ထိခိုက်နိုင်တယ်လို့ ပြည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးက  ပြောပါတယ်။ “အခုခေတ်တွေမှာ Entertainment တွေ၊ ဖုန်းအင်တာနက်တွေ၊ ကျူရှင်တွေနဲ့ တနေကုန် မအားလပ်အောင်၊ ကလေးအသက်အရွယ်နဲ့မမျှအောင် ဖြစ်နေရတာတွေက နောင်တချိန်မှာ တိုင်းပြည်ရဲ့အနာဂတ်နဲ့ ကလေးတွေရဲ့အနာဂတ်က စိုးရိမ်စရာဖြစ်တယ်”လို့ ပြည်ခရိုင် ပညာရေးမှူးရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆန်းဆန်းဦး က ဆိုပါတယ်။ မိဘတွေအနေနဲ့ အားလပ်ချိန်တွေမှာ ကလေးတွေကို ကစားကွင်းတွေကို ပို့ပေးဖို့ ကလေးတွေနဲ့အတူ အချိန်ပေးဖို့ပါ ပြောကြားခဲ့ပါတယ်။ ကလေးစာပေပွဲတော်တခုကို  အောက်တိုဘာလ ၂၉ ရက်နေ့က ပြည်မြို့ အထက (၁) ကျောင်းဝင်းထဲမှာပြုလုပ်ခဲ့ပြီး ကလေးတွေ၊ ကျောင်းသားတွေ၊ စာဖတ်စွမ်းအားတွေ၊ စာဖတ်ချင်စိတ်တွေဖြစ်ပေါ်လာစေဖို့ရည်ရွယ်ပြီး ဒီပွဲကိုလုပ်ရတာလို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန ပဲခူးတိုင်းဦးစီးမှူး ဦးစိုးပိုင်က ပြောပါတယ်။ ဒီနေ့ပွဲကို ပြန်ကြားရေးဝန်ကြီးဋ္ဌာန အနေနဲ့ ပညာရေးဝန်ကြီးဋ္ဌာနက စီစဉ်တာဖြစ်ပြီး ပြည်ခရိုင်ထဲက ကျောင်းအားလုံးနီးပါးက ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေ တက်ရောက်ခဲ့ပါတယ်။ တက်ရောက်လာတဲ့ ကျောင်းသားတွေကစားဖို့ အားကစားပွဲတွေ၊ ပန်းချီ၊ ကာတွန်း၊ ဂိန်းတွေ၊ ကျဘန်းစကားပြောပြိုင်ပွဲတွေပါ ထည့်သွင်းထားပါတယ်။ နောက် ကလေးစာပေ၊ ကာတွန်း၊ ပုံပြင်စာအုပ်ဈေးရောင်းပွဲတော်နဲ့ ဒေသခံကုမ္ပဏီတွေကလည်း ၀င်ရောက် အားဖြည့်ပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up