တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ (ရုပ်သံ)
DVB
·
October 29, 2017
ရှမ်းပြည်နယ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်နေပါတယ်။
၂၀၁၇ ခုနှစ် တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲမှာ ညမီးကြီး ၈၈ လုံး၊ စိန်နားပန် ၃၇၊ နေ့လွတ်အရုပ် ၄၀၀ ကျော်ရှိပြီး ပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာလ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒီနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲအတွက် လုံခြုံရေး ကင်မရာ CCTV အလုံး ၅၀ တပ်ဆင်ထားပြီး၊ ရဲအင်အား ၇၀၀ ကျော် အသုံးပြုထားတယ်လို့ သိရပါတယ်။
ရုပ်သံ မူရင်း - ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်း