A d v e r t i s e m e n t With Us

မြန်မာနိုင်ငံတွင် ၆ ခုမြောက် အားကစားနှင့် ကာယပညာသိပ္ပံ မုံရွာမြို့တွင် ဖွင့်လှစ်

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ မြန်မာနိုင်ငံရဲ့ ၆ခုမြောက် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းကို အောက်တိုဘာလ ၂၈ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။ အသစ်ဖွင့်လှစ်လိုက်တဲ့ အား/ကာ သိပ္ပံ(မုံရွာ)ကျောင်းမှာ အဌမတန်း- အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အတွင်း ကျန်းမာသန်စွမ်းတဲ့ ကျောင်းသား/သူတွေကို နှစ်စဉ် မတ်လမှစတင်ကာ လျှောက်လွှာခေါ်ယူသွားမှာဖြစ်ပြီး ကျောင်းမှာ ဘောလုံး၊ ပြေးခုန်ပစ်၊ အလေးမအပါအဝင် အားကစားနည်း ၁၀ မျိုးကို အဓိက သင်ကြားပေးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့မှ ကျောင်းသား ၇၀ ဦးနဲ့ ကျောင်းသူ ၅၇ ဦး စုစုပေါင်း ၁၂၇ ဦးကို လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ “လက်ရှိ ကျနော်တို့ကျောင်းမှာက ပညာရေးရော၊ အားကစားရော ပေါင်းစပ်ပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒါကနေ တစ်ဆင့် ပိုမိုကောင်းမွန်တာဖြစ်ဖို့ဆိုရင် အားကစားသီးသန့်ကျောင်းရှိရင်တော့ ပိုကောင်းလာမှာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ အားကစားနှင့် ပညာရေးတွဲတာဆိုတော့ ပညာရေးပိုင်းမှာ စာမေးပွဲအောင်ဖို့ စာကျက်ရမယ်။ စာမေးပွဲအောင်ရမယ်။ နောက်အားကစားကျတော့ အားကစားထူးချွန်အောင်လေ့ကျင့်ရမယ်။ အားကစားနှင့် ပညာရေးက သဟဇာတဖြစ်သွားပြီဆိုရင် အဲဒီနေ့ဟာ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်တဲ့ အားကစားသမားတွေ မွေးထုတ်ပေးနိုင်တဲ့နေ့ဖြစ်လာမှာပါ”လို့ ကျောင်းအုပ်ကြီး ဦးကျော်ဝင်းက ပြောပါတယ်။ ဒီအား/ကာသိပ္ပံ(မုံရွာ)ဖွင့်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ ထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ်အားကစားသမားတွေ စဉ်ဆက်မပြတ်ေ မွေးထုတ်ပေးရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားနှင့် ကာယပညာ လုပ်ငန်းတွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အထောက်အကူပြုစေရန်ရည်ရွယ်ပြီး အားကစားနှင့် ပညာရေးကို စနစ်တကျ ပေါင်းစပ်သင်ကြားပေးနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာပါ။ “ဒီ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းတွေကနေ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေရာမှာ မြန်မာ့ အားကစားလောကအတွက် တိုင်းနှင့် ပြည်နယ်အသီးသီးက ထူးချွန်ထက်မြက်တဲ့ လူငယ်လူရွယ် သွေးသစ်အားကစားသမားတွေကို ရှာဖွေပြီး စနစ်တကျပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်ပါတယ်”လို့ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားမှာပြောကြားသွားပါတယ်။ အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)ကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၄၇၃.၁၂၉သန်းနှင့် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၁၆၅.၁၅၈ သန်းနှင့် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာလည်း ပြည်ထောင်စုဘတ်ဂျက်နှင့် အဆောက်အဦပြုပြင်မွမ်းမံတာတွေ၊ လိုအပ်တဲ့ ဖြည့်စွက် တည်ဆောက်မှုတွေ ၏ကိုလည်း လုပ်ဆောင်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up