A d v e r t i s e m e n t With Us

အာဆင်နယ်အသင်းတွင် ပျော်ရွှင်နေပြီး အရာရာပေးဆပ်ကစားလိုဟု အိုဇေးလ်ပြော

အာဆင်နယ်အသင်းမှာ ပျော်ရွှင်နေပြီး အသင်းအတွက် အရာရာပေးဆပ်ကစားချင်တယ်လို့ ကွင်းလယ် ကစားသမားအိုဇေးလ်က ပြောဆိုလိုက်ပါတယ်။ အိုဇေးလ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး မန်ယူအသင်းနဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာ အခုလိုက်ပြောဆိုလိုက် တာပါ။ အသင်းရဲ့ရှယ်ယာရှင်တဦးဖြစ်တဲ့ ခရွန်ကီက အိုဇေးလ်ရဲ့ ခြေစွမ်းကို ချီးကျူးခဲ့တာနဲ့ ပတ်ပြီးလည်း ကျေနပ်ပျော်ရွှင်မိတယ်လို့ အိုဇေးလ်က ဆိုပါတယ်။ မိမိအတွက် အရေးကြီးဆုံးအရာက ဘောလုံးကစားရဖို့ ဖြစ်ပြီး အနာဂတ်ကိုတော့ စောင့်ကြည့်ရမယ်လို့ အိုဇေးလ်က ပြောပါတယ်။ အသက် ၂၉ နှစ်ရှိ ဂျာမနီကွင်းလယ်ကစားသမား အိုဇေးလ်ဟာ ၂၀၁၃ ခုနှစ်က ရီးရဲလ်မက်ဒရစ်အသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး လက်ရှိအချိန်အထိ ၁၆၈ ပွဲမှာ ၃၃ ဂိုး သွင်းယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up