A d v e r t i s e m e n t With Us

ကာတာလိုးနီးယားပြည်နယ်အား တိုက်ရိုက်အုပ်ချုပ်ခွင့်အာဏာ စပိန်အစိုးရကို ပေးအပ်

epa06292173 Spanish Prime Minister, Mariano Rajoy (C), receives the applause of the members of his Government after delivering his speech during the Senate's extraordinary plenary session on the application of Article 155 of the Spanish Constitution, in Madrid, Spain, 27 October 2017. Rajoy has spoken before the Senate to defend the Government's measures for the establishment of the Article 155, a day after Catalan President, Carles Puigdemont, confirmed that he will not call regional elections. Paralelly, the Catalan Parliament is to continue a plenary session to debate whether to declare an uniteral declaration of independence and the proclamation of a republic in Catalonia. EPA-EFE/JJ GUILLEN
စပိန်နိုင်ငံရဲ့ အထက်လွှတ်တော်က အောက်တိုဘာ ၂၇ ရက်နေ့က အစည်းအဝေးအတွင်း ဝန်ကြီးချုပ် မာရီယာနို ရာဂျွိုင်း ဦးဆောင်တဲ့ အစိုးရကို ကာတာ လိုးနီးယား ပြည်နယ်အား တိုက်ရိုက်အုပ်ချုပ်ဖို့ အခွင့်အာဏာ ပေးလိုက်ပါတယ်။ ကာတာလိုးနီးယား ဒေသက စပိန်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ယူတယ်လို့ ကြေညာအပြီး မိနစ်ပိုင်း အတွင်း ခုလို အခွင့်အာဏာ ပေးလိုက်တာပါ။ ကာတာလိုးနီးယား လွတ်လပ်ရေး ကြေညာဖို့ ပြည်နယ်လွှတ်တော် အတွင်း မဲပေးရာမှာ ဆိုရှယ်လစ်ပါတီ ပြည်သူ့ပါတီနဲ့ စပိန်နိုင်ငံသားများပါတီ ကွေဒါဒါနော့စ်တို့က မဲပေးမှုကို ဆန့်ကျင်ပြီး လွှတ်တော်ခန်းမထဲက ထွက်သွားခဲ့ကြပါတယ်။ ကာတာလိုးနီးယား ပြည်နယ်ကို အုပ်ချုပ်ဖို့ ပထမ ဆုံး လုပ်ဆောင်ချက်ကို အတည်ပြုရေး ရာဂျွိုင်းက အစိုးရအဖွဲ့ အစည်းအဝေးကို ဆင့်ခေါ်မယ်လို့ မျှော်လင့်ခံထားရပါတယ်။ ပထမ လုပ်ဆောင်ချက်ထဲမှာ ကာတာလိုးနီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အစိုးရကို ဖြုတ်ချပြီး ကာတာလန် ရဲတပ်ဖွဲ့ကို တိုက်ရိုက် အုပ်ချုပ်မယ်လို့ ယူဆ ထားကြပါတယ်။ စပိန်အစိုးရကိုအာခံပြီး ကာတာလန် လွှတ်တော်က သောကြာနေ့မှာ လွတ်လပ်ရေး ကြေညာခဲ့အပြီးမှာ စပိန်လွှတ်တော်တွင်း မဲပေးခဲ့တာပါ။ လွတ်လပ်ရေး ကြေညာပေမယ့် စပိန်နိုင်ငံကရော နိုင်ငံတကာ လူ့အဖွဲ့အစည်းကပါ လက်မခံတဲ့အတွက် စပိန် နိုင်ငံရေး အကြပ်အတည်းဟာ အနှစ်လေးဆယ်အတွင်း အဆိုးဆုံး အဆင့်အသစ်ကို ရောက်ခဲ့ပါတယ်။ စပိန် ဝန်ကြီးချုပ်ကတော့ တည်ငြိမ်ကြဖို့ ချက်ချင်းဆော်သြခဲ့ပြီး တရားဥပဒေ ပြန်လည် စိုးမိုးစေမယ်လို့ ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up