A d v e r t i s e m e n t With Us

အိမ်ဖြူတော် ဟောလဝင်းပါတီပွဲ ကလေးများနှင့်ဓာတ်ပုံတွဲရိုက်ခဲ့သည့် သမ္မတထရမ့် (ရုပ်သံ)

အိမ်ဖြူတော်မှာ ဟောလဝင်းပါတီပွဲကို အောက်တိုဘာ ၂၇ ရက်နေ့က ကျင်းပခဲ့ပြီး တက်ရောက်လာတဲ့ သတင်းထောက်တွေရဲ့ ကလေးတွေကို သမ္မတဒေါ်နယ်ထရမ့်က ရုံးခန်းအတွင်းဖိတ်ကြားခဲ့ပြီး ရင်းရင်းနှီးနှီးနောက်ပြောင်ကာ စားစရာတွေ လက်ဆောင်ပေးပြီး ဓာတ်ပုံအတူ အရိုက်ခံခဲ့တယ်လို့ ဝါရှင်တန်တိုင်းမ်စ်သတင်းမှာ ဖော်ပြထားပါတယ်။ ဓာတ်ပုံအတူအရိုက်ခံဖို့ ထူးခြားတဲ့ ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ကလေးတွေက သမ္မတရဲ့ စားပွဲနားကို စုရုံးလာရောက်ကြပြီး သမ္မတက ဒီပွဲကို တက်ရောက်လာတဲ့ ကလေးတချို့ရဲ့ သတင်းထောက်ဖြစ်သူ မိဘတွေကိုလည်း စနောက်ခဲ့ပါတယ်။ “ဒီလောက် လှပချစ်စရာကောင်းတဲ့ ကလေးတွေကို သတင်းလောကသားတွေက ဘယ်လို မွေးထုတ်ပေးသလဲဆိုတာ ယုံတောင် မယုံနိုင်ဘူး” လို့ သမ္မတက ရယ်မောပြောဆိုခဲ့သလို “သတင်းဌာနတွေ ဘယ်လိုများ လုပ်ခဲ့တာလဲ ကျနော်မသိဘူး” လို့ ပြောခဲ့ပါသေးတယ်။ အဲ့ဒီနောက် သမ္မတက ကလေးတွေဘက်လှည့်ပြီး “မင်းတို့တွေ မင်းတို့မိဘတွေလိုပဲ ကြီးပြင်းလာကြမှာလား၊ အင်း ဒါကို မဖြေပါနဲ့၊ အဖြေက ငါ့ကို အခက်တွေ့စေမယ်၊ မင်းတို့မှာ အင်မတန်တော်တဲ့ အံ့သြဖွယ်ရာ မိဘတွေ ရှိကြတယ်၊ ဟုတ်တယ်မှတ်လား” လို့ သမ္မတက ကလေးတွေကို ပြောခဲ့ပါတယ်။ “မင်းတို့ကို သတင်းကဏ္ဍက ဘယ်လို ပြုမူဆက်ဆံကြလဲ၊ ကမ္ဘာပေါ်မှာတော့ ဘယ်သူ့ထက်မဆို မင်းတို့က သတင်းဌာနတွေရဲ့ ကောင်းကောင်းမွန်မွန် ပြုမှုဆက်ဆံခံရမယ့် လူတွေ ဟုတ်တယ်မှတ်လား” လို့ ဟာသနှောမေးမြန်းပြီး စနောက်ခဲ့တာပါ။ အမေရိကန်နိုင်ငံတဝှမ်းနဲ့ အနောက်နိုင်ငံတချို့မှာ နှစ်စဉ် အောက်တိုဘာလ ၃၁ ရက်နေ့ ကျရောက်တိုင်း သူတော်စင်တွေနဲ့ အာဇာနည်တွေ အပါအဝင် သေဆုံးသူတွေကို အမှတ်ရတဲ့အနေနဲ့ ရှေးယခင်ကတည်းက ဟော်လဝင်းပါတီပွဲကို ကျင်းပလေ့ရှိပါတယ်။ ဒီနေ့ခေတ်မှာလည်း ယခင်ထုံးတမ်းစဉ်လာအရ ဟော်လဝင်းပါတီပွဲ ဆက်လက် ကျင်းပလေ့ရှိပြီး ပွဲတော်နေ့မှာ ပါတီပွဲကို ဖယုံသီးအစစ်တွေ၊ ဖယုံသီးပုံစံ ပြုလုပ်ထားတဲ့ မီးသီး၊ အလှဆင်ပစ္စည်းတွေနဲ့ တန်ဆာဆင်ကြပြီး ပွဲလာရောက်သူ ကလေး၊ လူငယ်၊ လူကြီးတွေက ထူးခြားတဲ့ ပါတီပွဲလာ ဝတ်စုံတွေ ဝတ်ဆင်ကာ တက်ရောက်လေ့ရှိသလို ကလေးတွေက အိမ်ရှေ့တံခါးတွေကို ခေါက်ပြီး “Trick or Treat” လို့ ပြောကာ မုန့်တွေ တောင်းကြတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up