လမ်းဘေးနေ ကလေးများအတွက် အပြေးပြိုင်ပွဲ ကျင်းပ
DVB
·
October 28, 2017
လမ်းဘေးနေ ကလေးတွေအတွက် အပြေးပြိုင်ပွဲတခုကို အောက်တိုဘာ ၂၈ ရက်နေ့က ရန်ကုန်မြို့ ကျိုက္ကဆံ အားကစားကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီပြိုင်ပွဲကို လမ်းဘေးကလေးတွေအတွက် စောင့်ရှောက်ကာကွယ်ပညာပေးတာတွေ လုပ်ပေးနေတဲ့ Junior Dream အဖွဲ့က ဦးဆောင်ကျင်းပပေးတာဖြစ်ပြီး ကလေးငယ်အယောက် ၇၀ ကျော်အတွက် အပြေးပြိုင်ပွဲ ၁၃ မျိုးကို ပြုလုပ်ပေးခဲ့တာပါ။
ကလေးတွေအတွက် စိတ်ဓာတ်ခွန်အားပေးဖို့ ဒီလိုပွဲ လုပ်တာလို့ ဦးဆောင်ကျင်းပပေးတဲ့ Junior Dream ရဲ့ တာဝန်ရှိသူကပြောပါတယ်။