ကမ္ဘာ့ပထမဆုံး အကြီးစားကုန်တင်သယ်ပို့ရေး ဒရုန်းယာဉ် ပျံသန်း (ရုပ်သံ)

ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ အကြီးစား ကုန်တင် သယ်ယူပို့ဆောင်ရေး ဒရုန်းယာဉ်ဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်းရှီးပြည်နယ်ရဲ့မြို့တော် ရှီးအမ်းမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့က ပွဲဦးထွက် ပျံသန်းခဲ့ပါတယ်။ ကုန်တင်ဒရုန်းယာဉ် AT200 ကို တရုတ် သိပ္ပံ အကယ်ဒမီနဲ့ တခြား အဖွဲ့အစည်းတွေက တီထွင်ခဲ့ပြီး ကောင်းကင်မှာ ၂၆ မိနစ်ကြာ ပျံသန်းခဲ့ပါတယ်။ အရှည်နဲ့ အကျယ် ၁၂ မီတာစီရှိတဲ့ ဒရုန်းယာဉ်ဟာ ကုန်စည် ၁ တန်ခွဲကို သယ်ပြီး အမြင့် မီတာ ၆ ထောင်ထိ ပျံသန်းနိုင်ပါတယ်။ အမြန်ဆုံးအချိန်မှာ ၁ နာရီ ၃၁၃ ကီလိုမီတာနှုန်နဲ့ သွားနိုင်ပြီး မီတာ ၂၀၀ အကွာကနေ ပျံတက် ပျံဆင်းလုပ်နိုင်ပါတယ်။ ဒါကြောင့် တောင်ထူထပ်တဲ့ ဒေသတွေအတွက် အသုံးဝင်ပါတယ်။ ကျွန်းတွေပေါ်ကို သယ်ယူပို့ဆောင်ရေးအတွက် အရေးပါတဲ့ လုပ်ဆောင်ချက် အဖြစ်လည်း မှတ်ယူထားပါတယ်

More News
Up