ဘာစီလိုနာ အိမ်ကွင်းအမည်ကို ရောင်းချရန် ဆွေးနွေး

2.4K
ဘာစီလိုနာအသင်းဟာ အိမ်ကွင်းအမည်ကို စပွန်ဆာကုမ္ပဏီထံ ရောင်းချဖို့ ဆွေးနွေးနေပြီး နူးကမ့် ဂရီဖူးလ်ကွင်းလို့ အမည်ပြောင်းလဲဖွယ် ရှိနေပါတယ်။
ဘာစီလိုနာအသင်းဟာ ကွင်းကို ပြန်လည်ပြင်ဆင်ဖို့နဲ့ တိုက်စစ်မှူးမက်ဆီကို ဆက်ထိန်းနိုင်ဖို့အတွက် ငွေကြေးလိုအပ်ချက်ရှိတာကြောင့် အိမ်ကွင်း နူးကမ့်ရဲ့အမည်ကို ရောင်းချဖို့ ဆုံးဖြတ်လိုက်တာပါ။
ဂရီဖူးလ်ကုမ္ပဏီဟာ ဘာစီလိုနာမြို့မှာ အခြေစိုက်တဲ့ ဆေးဝါးကုမ္ပဏီတခုဖြစ်ပြီး ဘာစီလိုနာကွင်းအမည်ကို တနှစ် ပေါင်သန်း ၃၀ နဲ့ ဝယ်ယူဖို့ နီးစပ်နေပါတယ်။
ဘာစီလိုနာအသင်းဟာ မက်ဆီကို လက်မှတ်ထိုးကြေးအဖြစ် ပေါင်သန်း ၈၀ ပေးပြီး စာချုပ်သက်တမ်းတိုးဖို့ စီစဉ်ထားတာပါ။
ဂရီဖူးလ်ကုမ္ပဏီနဲ့ ဘာစီလိုနာအသင်းတို့ဟာ ကွင်းအမည်ရောင်းချဖို့နဲ့ ပတ်သက်ပြီး အပြီးသတ် ဆွေးနွေးမှုတွေ ဆက်ပြီး ပြုလုပ်လျက်ရှိပါတယ်။