ပရီးမီးယားလိဂ်ဖလား ရယူလိုကြောင်း မိုဗစ်ပြော

2.3K
ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ်ဖလား ရယူသွားချင်တယ်လို့ မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်က စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ဒီအင်တာဗျူးကို အာဆင်နယ်နဲ့ ဘာစီလိုနာ ကစာသမားဟောင်း အွန်နရီက မေးမြန်းတာဖြစ်ပြီး ဒီနှစ်ရာသီမှာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားရယူချင်တယ်လို့ ပြောကြားခဲ့တာပါ။
အွန်နရီနဲ့ အီဗရာဟီမိုဗစ်တို့ဟာ ၂၀၀၉ ခုနှစ်က ဘာစီလိုနာအသင်းမှာ တစ်ရာသီ လက်တွဲဖူးတဲ့ အသင်းဖော်တွေလည်းဖြစ်ပါတယ်။
မန်ယူအသင်းဟာ ဒဏ်ရာက သက်သာလာခြင်း မရှိသေးတဲ့ အီဗရာဟီမိုဗစ်ကို တစ်နှစ်စာချုပ်သက်တမ်းတိုးထားတာပါ။
အသက် ၃၆ နှစ်ရှိ အီဗရာ ဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းအတွက် ၄၈ ပွဲမှာ ၂၈ ဂိုး အထိသွင်းယူခဲ့ပြီး ယူရိုပါလိဂ်ဖလား နဲ့ လိဂ်ဖလားတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။