မန်ယူ၊ အာဆင်နယ်နှင့် လီဗာပူး တာဝန်ရှိသူများ ဆွေးနွေး

2.1K
မန်ယူ၊ အာဆင်နယ်နဲ့လီဗာပူးအသင်း တာဝန်ရှိသူတွေဟာ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့က စားသောက်ဆိုင်တစ်ခုမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲကို နယူးယော့ခ် မြို့က အီတလီစားသောက်ဆိုင်တစ်ဆိုင်ဖြစ်တဲ့ လိုကန်ဒါဗာဒီ ဆိုင်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တခြားနိုင်ငံတွေမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ရုပ်သံပြသခွင့်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ ဒေးလီး မေးလ်သတင်းစာကဖော်ပြပါတယ်။
မန်ယူ အသင်းဘက်က အသင်းဒုတိယဥက္ကဋ္ဌအက်ဒ်ဝုဒ်ဝါ့ဒ်နဲ့ အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုက ညီအစ်ကို နှစ်ဦးတို့ တက်ရောက်ခဲ့ပြီး အာဆင်နယ်အသင်း အမူဆောင်အရာရှိချုပ် အိုင်ဗန်ဂါဇီဒစ်၊ လီဗာပူးအသင်းပိုင်ရှင် ဂျွန်ဟင်နရီတို့ တက်ရောက်ခဲ့ကြ တာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ တခြားထိပ်သီးအသင်းတွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်စီးတီးအသင်း တာဝန်ရှိ သူတွေ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။