Home
မြန်မာသတင်း
ကေအိုင်အို ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ် ဇော်မိုင် ကွယ်လွန်
DVB
·
October 27, 2017
ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ ဗိုလ်ချုပ်မလိဇွပ်ဇော်မိုင် အသက် ၈၂ နှစ်ဟာ အောက်တိုဘာ ၂၇ ရက် မနက် ၅ နာရီခွဲအချိန်လောက်က ရန်ကုန်မြို့ရှိ အာရှတော်ဝင်ဆေးရုံမှာ ဆေးကုသမှုခံယူရင်း လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ ဗိုလ်ချုပ်ဇော်မိုင်ရဲ့ ဈာပနအခမ်းအနားကို နိုဝင်ဘာ ၁ ရက်၊ မနက် ၉ နာရီမှာ မြစ်ကြီးနားမြို့ ဂျော်ဘွမ်ခရစ်ယာန်သုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်သွားမယ်လို့ မိသားစုဝင် ဗဒန်ဇော်ဒူက ပြောပါတယ်။ ဗိုလ်ချုပ်ဇော်မိုင်ဟာ ကချင်တမျိုးသားလုံးနဲ့ လုပ်ဖော်ကိုင်ဘက်တွေရဲ့ ချစ်ခင်လေးစားမှုကို ရရှိခဲ့တဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး သူဆုံးပါးသွားတာ ကချင်တမျိုးသားလုံးရဲ့ ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဘက် ကေအိုင်အိုဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာက ပြောပါတယ်။ ဗိုလ်ချုပ်ဇော်မိုင်ဟာ ကေအိုင်အို စတင်တည်ထောင်ခဲ့တဲ့ ၁၉၆၁ ခုနှစ်မှာကတည်းက ပါဝင်ခဲ့တာဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာတော့ ဥက္ကဋ္ဌတာဝန်ကို ယူခဲ့သူဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024