မန်ဝိန်းကြီးကျေးရွာတွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၅၀၀ ကျော် ဖမ်းမိ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာမှာ အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက မူးယစ်ဆေးဝါး ကျပ်သိန်း ၅၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့  မန်ဝိန်းကြီးနယ်မြေ ရဲစခန်းမှူး ရဲအုပ်ခင်မောင်ထွန်းက ပြောပါတယ်။ wy1 မန်ဝိန်းကြီးနယ်မြေရဲ့တပ်ဖွဲ့ဝင်တွေဟာ သတင်းအရ မန်ဝိန်းကြီးကျေးရွာ ရပ်ကွက် ၄ နေ ဒေါ်ညုံနားရဲ့  နေအိမ်ကို ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၄၆ ပြား၊ ဘိန်းဆီအမျှင်ခြောက်(ခတ်ပုံ) ၃၅ ဂရမ်နဲ့ မူးယစ်ဆေးဝါးရောင်းရငွေ ၁၂၀၀၀၀ ကျပ်၊ ဦးရှောင်းလောင်း (ခ) စင်းယူးဂမ် (ခ) လဂျာ နေအိမ်က WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၅၆၅ ပြားနဲ့ မူးယစ်ဆေးဝါးရောင်းရငွေ ၉ သိန်းကျပ်၊ပေါင်း ကျပ်သိန်း ၅၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ မန်ဝိန်းကြီးနယ်မြေရဲစခန်းမှူး ရဲအုပ်ခင်မောင်ထွန်းက ပြောပါတယ်။ မန်ဝိန်းကြီးနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိသူ ဒေါ်ညုံနားနဲ့ ဦးရှောင်းလောင်း (ခ) စင်းယူခမ်း (ခ) လဂျာတို့ နှစ်ဦးကို မူးယစ်ဆေးဝါး ဥပဒေအရ အရေးယူထားပါတယ်။ ကိုကိုလင်း(အင်းတော်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up