A d v e r t i s e m e n t With Us

အာဆင်နယ်ဘုတ်အဖွဲ့က နည်းပြရာထူးအတွက် ပြန်လည်သုံးသပ်မည်

ဓာတ်ပုံ - ဘီဘီစီ
လာမယ့် ဘောလုံးရာသီအကုန်မှာ အာဆင်နယ်ဘုတ်အဖွဲ့က သူ့ရဲ့ နည်းပြရာထူးနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်သွားမယ်လို့ နည်းပြ အာစင်ဝင်းဂါးက ပြောပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီကမှ နည်းပြ ဝင်းဂါးကို ၂ နှစ်စာချုပ်သက်တမ်း တိုးထားတာပါ။ ဝင်းဂါးဟာ အာဆင်နယ်ကို နှစ်ပေါင်း ၂၁ နှစ်ကြာ နည်းပြအဖြစ် လုပ်ကိုင်ထားပါတယ်။ ပြင်သစ်နည်းပြကတော့ ဘုတ်အဖွဲ့အနေနဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘယ်လိုသဘောထားမလဲဆိုတာ သိချင်တယ်လို့ ပြောပါတယ်။ လတ်တလောမှာတော့ အာဆင်နယ် ပရိသတ်တချို့က အာစင်ဝင်းဂါးကို အသင်းကနေ ထွက်သွားဖို့ ဖိအားပေး လုပ်ဆောင်တာတွေ ရှိနေပါတယ်။ ဒါ့အပြင် အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာနေတာ ၁၄ နှစ်နီးပါး ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up