Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 27, 2017
မတ်ပဲ ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၄၉၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၂၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပဲစင်းငုံ ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၃၃၄,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၄,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ထောပတ်ပဲ ထောပတ်ပဲကတော့ ဒီနေ့မှာ ၁ ပိဿာကို ၈၅ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၁,၅၆၅ ကျပ်ကနေ ငွေကျပ် ၁,၈၃၀ ရှိပါတယ်။ ငရုတ်ပွ ငရုတ်ပွကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၆,၉၀၀ ကျပ်ကနေ ငွေကျပ် ၇,၈၀၀ ရှိပါတယ်။ ထန်းလျက် ထန်းလျက်တော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၁၇၀ ကျပ်ကနေ ငွေကျပ် ၁,၉၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၂၅ ကျပ် ဈေးတက်လာပါတယ်။ စီပီပြောင်း လားရှိုးကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၁ ပိဿာကို ၁၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၄၃၀ ကျပ်ကနေ ၄၆၀ ကျပ် ရှိပါတယ်။ ရွှေပဲသီး အောင်ပန်း ကုန်စည်ဒိုင်မှာတော့ ရွှေပဲသီးက ၁ ပိဿာကို ၄၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၄,၈၀၀ ရှိပါတယ်။ ပန်းဂေါ်ဖီ ပန်းဂေါ်ဖီကတော့ ဒီနေ့မှာ ၁ ပွင့်ကို ၂၀ ကျပ် ဈေးမြင့်တက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက တပွင့်ကို ၃၀၀ ကျပ် ရှိပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း- AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024