A d v e r t i s e m e n t With Us

အမေဇုန်တောနက်တွင်းမှ ရှားပါးအံ့ဖွယ် လူမျိုးစုများ၏ နေ့စဉ် ရှင်သန်နေထိုင်မှုဘဝများ (ဓာတ်ပုံ)

ရှားပါးမျိုးသုန်းပျောက်ကွယ်တော့မယ့် ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဝိုင်ယာပီ (Waiapi) လူမျိုးစုတွေဟာ ဘရာဇီးနိုင်ငံ၊ အမေဇုံ မိုးသစ်တောနက်ထဲမှာ နေထိုင်ကြတဲ့ ရှားပါးလူသားမျိုးနွယ်စုတွေ ဖြစ်ကြပါတယ်။ မေရာသတင်းမှာ အောက်တိုဘာ ၂၆ ရက်နေ့က ဖော်ပြတဲ့ ဓာတ်ပုံတွေထဲမှာတော့ သူတို့ရဲ့ နေ့စဉ် ဘဝရှင်သန်နေထိုင်မှုတွေကို အသက်ရှူမှားလောက်အောင် ပုံဖော်ရိုက်ကူးထားခဲ့တာကို တွေ့ရပါတယ်။ ဝိုင်ယာပီမျိုးနွယ်စုတွေဟာ ရှေးအရင်တည်းက ရိုးရာယုံကြည်မှုတွေ၊ ဓလေ့ထုံးတမ်းတွေနဲ့အတူ နေထိုင်ဖြတ်သန်းခဲ့ကြတာ ဖြစ်ပေမယ့် လက်ရှိမှာတော့ ပြင်ပကမ္ဘာနဲ့ ထိတွေ့ဆက်နွှယ်မှုတွေ ပိုလာခဲ့ပြီဖြစ်ကာ လေ့လာစူးစမ်းမှုတွေ အပြန်အလှန် ရှိနေခဲ့ပြီလို့ ဆိုပါတယ်။ ဒီပုံတွေထဲမှာတော့ မျိုးနွယ်စုခေါင်းဆောင် ဇာကိုဝိုင်ယာပီရဲ့ ဘဝရှင်သန်နေထိုင်မှု ပုံရိပ်တွေအပြင် မိခင်နဲ့ကလေးကြား ချစ်ခြင်းမေတ္တာပုံဖော်မှုတွေ၊ ကစားခုန်စားနေကြတဲ့ ကလေးငယ်တွေ၊ ရိုးရာတူရိယာတီးမှုတ်ပုံတွေ၊ လေးနဲ့မြား ကိုင်ဆောင်ထားတဲ့ ရိုးရာအမဲလိုက်ဓလေ့နဲ့ မျိုးနွယ်စုလူငယ်တွေ၊ ပျိုဖြူတွေရဲ့ ပုံရိပ်တွေ အပါအဝင် တခြားလှုပ်ရှားမှုတွေကိုပါ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - APU GOMES/AFP/Getty Images  

A d v e r t i s e m e n t With Us

More News
Up