မောင်တောခရိုင်တွင် ညမထွက်ရအမိန့်ထပ်မံထုတ်ပြန်
DVB
·
October 27, 2017
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာ ၂ လသက်တမ်းရှိ ညမထွက်ရအမိန့် ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို အောက်တိုဘာ ၂၅ ရက်က ထပ်မံထုတ်ပြန်လိုက်ပါတယ်။
အရင်ထုတ်ပြန်ထားတဲ့အမိန့်ဟာ ၂ လပြည့်သွားပြီဖြစ်ပမယ့် ဒေသတွင်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဆက်လက်ထုတ်ပြန်ဖို့ လိုအပ်လို့ ထုတ်ပြန်တာလို့ဆိုပါတယ်။
မောင်တောခရိုင်အတွင်း အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ လူ ၅ဦးထက်ပို လူမစုဖို့၊ ည၆နာရီမှ မနက် ၆ နာရီထိ အပြင်မထွက်ကြဖို့နဲ့ ထုတ်ပြန်တဲ့နေ့မှ နှစ်လ ပြည့်တဲ့အထိ အမိန့်အတည်ဖြစ်တယ်လို့ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။