စပါးကိုအနိုင်ရသည့်အတွက် ယုံကြည်မှုရဟု ဝက်စ်ဟမ်းနည်းပြ ပြော

ဓာတ်ပုံ - Getty Images
2.7K
စပါးအသင်းကို အနိုင်ရလိုက်တာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ယုံကြည်မှုရသွားတယ်လို့ ဝက်စ်ဟမ်းနည်းပြ ဘီလစ်က ပြောကြားလိုက်ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ လိဂ်ဖလား ၁၆ သင်းအဆင့်မှာ လန်ဒန်ပြိုင်ဘက် စပါးအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်ခဲ့တာပါ။
ဝက်စ်ဟမ်းအသင်းဟာ လာမယ့်အပတ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားရမှာပါ။
ပြင်ဆင်ချိန် ၂ ရက်ပဲရှိပေမယ့် စပါးကို အနိုင်ယူနိုင်ခဲ့တာကြောင့် ရလဒ်ကောင်းယူဖို့ ယုံကြည်မှု ပိုကောင်းလာတယ်လို့ နည်းပြ ဘီလစ်က ဆိုပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ် ၉ ပွဲကစားအပြီးမှာ ၂ ပွဲပဲ အနိုင်ရခဲ့လို့ အဆင့် ၁၆ အထိ ရောက်ရှိနေပါတယ်။