A d v e r t i s e m e n t With Us

လက်စတာစီးတီးနည်းပြအဖြစ် ကလော့ဒ် ပူရယ်လ်ကို ခန့်အပ်

ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးရွားလို့ နည်းပြ ရှိတ်စပီးယားကို ထုတ်ပယ်ခဲ့တဲ့ လက်စတာစီးတီးအသင်းဟာ အရင် ဆောက်သမ်တန် မန်နေဂျာဟောင်း ကလော့ဒ် ပူရယ်လ်ကို နည်းပြအဖြစ် ၃ နှစ် စာချုပ် ချုပ်ဆို ခန့်အပ်လိုက်ပါတယ်။ ပြင်သစ်နိုင်ငံသား ပူရယ်ဟာ ဒီနှစ်အတွင်း လက်စတာအသင်း ခန့်အပ်ခဲ့တဲ့ ၃ ဦးမြောက် နည်းပြလည်း ဖြစ်ပါတယ်။ အသက် ၅၆ နှစ်အရွယ် ပူရယ်လ်ဟာ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ဆောက်သမ်တန်ကို နည်းပြခဲ့စဉ် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာရောက်အောင် စွမ်းအောင်နိုင်ခဲ့သလို လိဂ်ဖလားမှာလည်း နောက်ဆုံးဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ဒီနှစ် ဇွန်လမှာတော့ နည်းပြအဖြစ်က ထုတ်ပယ်ခံခဲ့ရပါတယ်။ ပူရယ်လ်ဟာ ပြင်သစ်ကလပ်တွေဖြစ်တဲ့ မိုနာကို၊ လိုင်လီ၊ လိုင်ယွန်၊ နိစ် တို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဝါရင့်နည်းပြတဦးလည်း ဖြစ်ပါတယ်။ နည်းပြ ပူရယ်လ် တာဝန်ယူရမယ့် လက်စတာစီးတီးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ၉ ပွဲကစားအပြီး ရမှတ် ၉ မှတ်နဲ့ အဆင့် ၁၄ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up