Home
မြန်မာသတင်း
စပါးကိုကြမ်းခင်းဈေးသတ်မှတ်ပေးရန်အဆို လွှတ်တော်တွင်မဆွေးနွေးသင့်ကြောင်း မဲခွဲဆုံးဖြတ်
သော်ဇင်မျိုး
·
October 26, 2017
  နှစ်စဉ် အရှုံးပေါ်ပြီး အကြွေးသံသရာလည်နေတဲ့ တောင်သူတွေအတွက် သီးနှံဈေးနှုန်း နှစ်စဉ် ကြမ်းခင်းဈေး သတ်မှတ်ပေးဖို့ ရေကြည်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က ဒီကနေ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးဘဟိန်းကတော့ ဒီအဆိုဟာ အခြေအနေနဲ့ မကိုက်ညီဘဲ အစိုးရကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့အတွက် ကန်ထရိုက်လယ်ယာစနစ်၊ အပ်ကုန်အာမခံ အကြွေးစနစ်၊ အရန်ရိက္ခာ ဝယ်ယူရေးကိစ္စတွေကို ပြည်ထောင်စုအစိုးရက ဆောင်ရွက်ပေးဖို့အတွက် တောင်းဆိုသင့်တယ်လို့ ဆွေးနွေးသွား ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံတော်ဟာ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေတဲ့ အတွက် အစိုးရအနေနဲ့ ဈေးကွက် ဈေးနှုန်းတွေကို ဝင်ရောက်ထိန်းချုပ်ခွင့် လည်းမရှိပါဘူး။ ဒီအဆိုနဲ့ပတ်သတ်ပြီး လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ မသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့တဲ့အတွက် လွှတ်တော်မှာ လက်ခံဆွေးနွေးရန် သင့်၊ မသင့် လျှို့ဝှက်မဲပေးစနစ်နဲ့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၅ မဲ၊ ကန့်ကွက်မဲ ၅၃ မဲ ကြားနေမဲ ၁ မဲ၊ ပယ်မဲ ၁ မဲ ရရှိတဲ့အတွက် လက်ခံဆွေးနွေးဖို့ မသင့်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ အဆိုတွေကို လျှို့ဝှက်မဲပေးစနစ်နဲ့ မဲခွဲဆုံးဖြတ်တာမှာတော့ အခုအကြိမ်ဟာ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024