နတ်ရွာစံထိုင်းဘုရင်ကြီး ရုပ်ကလာပ်ကို သားဖြစ်သူက မီးထွန်းညှိသင်္ဂြိုဟ်မည် (ရုပ်သံ)
Published By
DVB | 26 October, 2017
3.1K
0
Share
0
Comment
0
Likes
နတ်ရွာစံ ထိုင်းဘုရင်ကြီး ဘူမိဘော အဒူယာဒေ့ခ်ျရဲ့ ၅ ရက်ကြာကျင်းပမယ့် ဈာပနအခမ်းအနားကို ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ ကျင်းပနေပါတယ်။
ဘုရင်ကြီးဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့မှာ နတ်ရွာစံခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ သက်တော် ၈၈ နှစ်အရွယ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
ဘုရင်ကြီးရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကိုတော့ ဒီကနေ့ညပိုင်းမှာ သားဖြစ်သူ လက်ရှိဘုရင် မဟာဗာဂျီရာလောင်ကွန်းက တော်ဝင်မီးသင်္ဂြိုဟ်စင်မှာ မီးထွန်းညှိသင်္ဂြိုဟ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖခင်ဖြစ်သူရဲ့ အရိုးပြာကိုတော့ အောက်တိုဘာ ၂၇ ရက်နေ့မှာ နန်းတော်တွင်း ပြန်သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ထိုင်းဘုရင့်နန်းတော်တွင်းမှာ အောက်တိုဘာ ၂၅ ရက်နေ့ကတည်းက တရားဝင်ကျင်းပနေတဲ့ ဒီအခမ်းအနားကို ထိုင်းနိုင်ငံတဝှမ်းမှ ပြည်သူ ၂ သိန်းခွဲလောက် တက်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပြီး ဘုရင့်ဆွေတော်မျိုးတော်တွေနဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ကျော်က ဂုဏ်သရေရှိ ဧည့်သည်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။
ဘန်ကောက်မြို့ ရပ်ကွက်တွေထဲက အဆောက်အအုံတွေမှာလည်း အဝါရောင် ထပ်တရာပန်းတွေနဲ့ တွဲလောင်းချ ဆင်ယင်ထားကြပြီး လမ်းမတွေပေါ် လူတွေဟာ ဘုရင်ကြီးရဲ့ ရုပ်ကလပ်ကို ဖူးမြော်ဖို့ အုပ်စုလိုက် တန်းစီစောင့်ဆိုင်းနေခဲ့ကြတာပါ။
ဒီကနေ့ကိုတော့ ထိုင်းနိုင်ငံရဲ့ တရားဝင်အားလပ်ရက်အဖြစ် ကြေညာပေးခဲ့ကာ လုပ်ငန်းတွေ၊ ဆိုင်တွေအားလုံး ပိတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။
ဘုရင်ကြီးရဲ့ ဈာပနအခမ်းအနား ကျင်းပနေပုံတွေကို ထိုင်းပီဘီအက်စ် ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်နေတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။