A d v e r t i s e m e n t With Us

တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်မှ ပါတီ ထိပ်တန်းခေါင်းဆောင်များ ရွေးချယ်

ဓာတ်ပုံ - ရိုက်တာ
တရုတ်ကွန်မြူနစ်ပါတီရဲ့ ၁၉ ကြိမ်မြောက် ကွန်ဂရက်ကနေ ပါတီ ထိပ်တန်းခေါင်းဆောင်သစ်တွေ ရွေးချယ်ခဲ့ပေမယ့် သမ္မတ ရှီကျင့်ဖျင်နေရာ ဆက်ခံမယ့်သူကိုတော့ ရွေးချယ်တာ မတွေ့ရဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အောက်တိုဘာ ၂၅ ရက်မှာ ကျင်းပပြုလုပ်တဲ့ ပါတီကွန်ဂရက်မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အမြင့်ဆုံး အာဏာရှိအဖွဲ့ဖြစ်တဲ့ ပေါလစ်ဗျူရို အမြဲတမ်းကော်မတီဝင် ၇ ဦးကို ရွေးချယ်ခဲ့တာပါ။ အဲဒီ ပေါလစ်ဗျူရို အမြဲတမ်းကော်မတီဝင်တွေထဲမှာ သမ္မတရှီကျင့်ဖျင်နဲ့ ဝန်ကြီးချုပ် လီကီချန်းတို့သာ ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ ကျန် ကော်မတီဝင် ၅ ဦးထဲမှာတော့ ရှီကျင့်ဖျင်ရဲ့နေရာကို ဆက်ခံမယ်လို့ နာမည်ထွက်နေတဲ့ ကွမ်တုံပြည်နယ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ဟူချမ်းဟွာနဲ့ ချုံကင်းပြည်နယ် ပါတီဥက္ကဋ္ဌ ချန်မင်အာတို့ ပါဝင်လာတာ မတွေ့ရပါဘူး။ သူတို့ ၂ ဦးဟာ ပေါလစ်ဗျူရို အမြဲတမ်းကော်မတီထက် တဆင့်နိမ့်တဲ့ ပေါလစ်ဗျူရို ၂၅ ဦးအဖွဲ့မှာသာ ပါဝင်ခဲ့တာပါ။ သမ္မတရှီကျင့်ဖျင်အပြင် အခုခန့်အပ်လိုက်တဲ့ ပေါလစ်ဗျူရို အမြဲတမ်းကော်မတီဝင် ၆ ဦးကတော့ ဝန်ကြီးချုပ် လီကီချန်း၊ တရုတ်ပါလီမန်ဥက္ကဋ္ဌ လိကျိုင်ရှူး၊ တရုတ်ဒု-ဝန်ကြီးချုပ် ဝမ်ရံ၊ မူဝါဒသုတေသနရုံး ဒါရိုက်တာ ဝမ်ဟုနင်း၊ လာဘ်စားမှုတိုက်ဖျက်ရေးကော်မတီ ဥက္ကဋ္ဌ ကျောင်လကျည့်နဲ့ ရှန်ဟိုင်းပြည်နယ် ကွန်မြူနစ်ပါတီဥက္ကဋ္ဌ ဟန်ကျန့်တို့ ဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က “တရုတ်ကွန်မြူနစ်ပါတီဟာ ကမ္ဘာ့အကြီးဆုံး နိုင်ငံရေးပါတီ ဖြစ်ပါတယ်။ ကြီးတယ်ဆိုရင် အလုပ်ကြီးကြီး လုပ်ရမှာပါ။ သမိုင်းက ရှင်းရှင်းလင်းလင်း ပြနေတာက တရုတ်ကွန်မြူနစ်ပါတီဟာ လူမှုတော်လှန်ရေးကို ဦးဆောင်မှုပေးနိုင်ရုံတင်မက ပါတီကိုယ်တိုင်ကလည်း ကြီးမားတဲ့တော်လှန်ရေး လုပ်နိုင်ခဲ့တာပါ။ ကျနော်တို့ပါတီဝင်တွေ အနေနဲ့ နုပျိုလန်းဆန်းတဲ့ စိတ်ဓာတ်နဲ့ အချိန်ကာလကို ဦးဆောင်နေသူလည်းဖြစ်၊ တိုင်းပြည်ရဲ့ ကျောရိုးလည်းဖြစ်တဲ့ ပြည်သူတွေကို အမြဲ အလုပ်အကျွေးပြုနေရမှာပါ” လို့ ပြောကြားသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up