ပခုက္ကူခရိုင်တွင်း ဓာတ်သတ္တုလုပ်ငန်းများမှ ရန်ပုံငွေ ကျပ်သိန်းပေါင်း ၇၀၀ ကျော်ရရှိ
မြင့်နိုင်
·
October 25, 2017
ပခုက္ကူခရိုင် ၅ မြို့နယ်အတွင်း ဓာတ်သတ္တုလုပ်ငန်း လိုင်စင်ပေါင်း ၂၀၀ ကျော်ရှိပြီး ဒီလုပ်ငန်းတွေကနေ တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သိန်းပေါင်း ၇၀၀ ကျော် ရရှိတယ်လို့ ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန ဦးအောင်မြတ်မိုးက ပြောပါတယ်။
ခုလို လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ ပတ်ဝန်းကျင်ထိခိုက်မှု မရှိရအောင် အဆင့်ဆင့် စစ်ဆေးပြီးမှ လုပ်ကိုင်ခွင့်ပေးခဲ့တာလို့ ဆိုပါတယ်။ ဒီလုပ်ငန်းတွေထဲမှာ မြစ်သဲကျောက် ထုတ်လုပ်မှုလည်း ပါဝင်ပြီး ဧရာဝတီနဲ့ ချင်းတွင်းမြစ်ထဲက ထုတ်ယူကြပါတယ်။