နတ်ရွာစံထိုင်းဘုရင်ကြီး ဈာပန ဖူးမြော်ရန် ပြည်သူများ မိုးထဲရေထဲ ထိုင်စောင့် (ဓာတ်ပုံ)












2.9K
နတ်ရွာစံ နဝမမြောက် ထိုင်းဘုရင်ကြီး ဘူမိဘောအဒူယာဒေ့ခ်ျရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို မနက်ဖြန် အောက်တိုဘာ ၂၆ ရက်နေ့ မီးသင်္ဂြိုဟ်ပူဇော်မှာ ဖြစ်ပေမယ့်လည်း ဘန်ကောက်နဲ့ တခြားခရိုင်က ပြည်သူတချို့ကတော့ အောက်တိုဘာ ၂၃ ရက်နေ့ ကတည်းက စပြီး ဈာပနအခမ်းအနား ကျင်းပမယ့် နန်းတော်ရှေ့ ကွင်းပြင်ကျယ်ဆီ ရောက်ရှိ နေရာယူနေကြပြီ ဖြစ်ပါတယ်။
ဈာပနအခမ်းအနားထဲ ဝင်ရောက်မယ့်သူတွေဟာ လုံခြုံရေးအဖွဲ့ရဲ့ စစ်ဆေးမှုကို အရင်ခံယူရမှာဖြစ်ပြီး စစ်ဆေးခံဖို့ တန်းစီနေသူတွေ အရမ်းများတဲ့အတွက် အလှည့်ကျော်သွားမှာစိုးလို့ မိုးထဲရေထဲမှာ မိုးကာတွေ၊ ထီးတွေဆောင်းပြီး ထိုင်စောင့်နေကြတာပါ။
တခြားခရိုင်နဲ့ မြို့နယ်အသီးသီးက ကားတွေလည်း ဘန်ကောက်ကို တသီတတန်း ဦးတည်သွားရောက်နေကြပြီး ဈာပနကျင်းပရာ နယ်မြေတဝိုက် ဟိုတယ်နဲ့ တည်းခိုခန်းတွေလည်း အားလုံးပြည့်ကုန်ပြီလို့ ဆိုပါတယ်။
ဓာတ်ပုံ - ထိုင်းပီဘီအက်စ်