A d v e r t i s e m e n t With Us

ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ချင်ဟု တိုက်စစ်မှူး ဟယ်ရီကိန်း ပြော

ဓာတ်ပုံ - ရိုက်တာ
တော့တင်ဟမ်ဟော့စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်းအနေနဲ့ တနေ့ကျရင် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ချင်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဒီလို ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်တဲ့အချိန်မှာ တော့တင်ဟမ်အသင်းမှာပဲ ရှိချင်တယ်လို့လည်း ဆိုပါတယ်။ ဟယ်ရီကိန်းအနေနဲ့ လက်ရှိအချိန်မှာ ၁၂ ပွဲ ကစားထားရာ ၁၃ ဂိုး သွင်းယူထားနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် ကလပ်အသင်းကြီး တော်တော်များများက စိတ်ဝင်စားနေကြပြီး စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ တရားဝင် ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိန်းနဲ့ စပါးအသင်းရဲ့ စာချုပ်ဟာ ၂၀၂၂ ခုနှစ်ထိ ကျန်ရှိနေပြီး ကာယကံရှင်ကိုယ်တိုင်ကလည်း စပါးအသင်းနည်းပြ ပိုချက်တီနိုလက်အောက်မှာ အရာရာဖြစ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။ ဖီဖာရဲ့ ဆုချီးမြှင့်ပွဲကို တက်ရောက်လာခဲ့တဲ့ ဟယ်ရီကိန်းကို မီဒီယာတွေက မေးမြန်းရာမှာတော့ ဆုဖလားတွေ ဆွတ်ခူးချင်ပါတယ်၊ စပါးအသင်းကို ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်စေချင်သလို သူ့အနေနဲ့လည်း ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up